ပေါ်ဆန်းစပါးကို ညအချိန် အလင်းရောင်ပေးခြင်း နည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြု

ပေါ်ဆန်းစပါးကို ညအချိန် အလင်းရောင်ပေးခြင်း နည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြု


Ministry of Information/ Naypyitaw / November 30, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသုတေသနဗဟိုဌာနစိုက်ကွင်း၌ ရာသီပေါ်ဆန်းစပါးပျိုးခင်း အသက်ခုနစ်ရက်သားမှ ၂၅ ရက်သားအတွင်း ညအချိန်အလင်းရောင်ပေးခြင်း(Night-Break) နည်းပညာဖြင့် နောက်ကျစိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ နည်းပညာအရ ည ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ LED-100 watt အားအသုံးပြု၍ ညအချိန် အလင်းရောင်ပေးခြင်းသည်ပေါ်ဆန်းစပါးကို ရာသီချိန်ကျော်၍ စိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းတိုးခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကို မျှော်မှန်းကာ ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသစိုက်ကွင်းအား နိုဝင်ဘာ ၂၉ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဤသုတေသနသည် ရာသီပေါ်ဆန်းစပါးကို ရေကျနောက်စိုက်စိုက်ပျိုးသည့်ဒေသများတွင် လွန်စွာအသုံးဝင်မည့် စမ်းသပ်ချက်ဖြစ်ကြောင်း၊ ယခုနည်းပညာကို ဆောင်းရာသီနေ့တာတိုကာလတွင် ပန်းပွင့်ခြင်းအား နှောင့်နှေးအောင်ပြုလုပ်နိုင်မည့်အတွက် ပေါ်ဆန်းစပါးကို သာမန်စိုက်ပျိုးချိန်ထက် နောက်ကျစိုက်ပျိုး နိုင်မည်ဖြစ်ပါကြောင်း၊ စပါးပင်၏ ပင်ပိုင်းကြီးထွားမှုဘဝ (Vegetative Phase)ကို ပိုရှည်စေသည့်အတွက် ပင်ပိုင်းကြီးထွားမှု ပိုကောင်းလာပြီး သာမန်စိုက်ပျိုးချိန်ကဲ့သို့ပင် သီးပွင့်၍ အထွက်တိုးစိုက်စနစ် ကျင့်သုံးစိုက်ပျိုးနိုင်ခြင်းကြောင့် အထွက်နှုန်းမြင့်တက်လာမည်ဖြစ်ကာ ရနံ့အရည်အသွေး (2AP)ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်မည်ဖြစ်၍ သုတေသီများအနေဖြင့် အလေးထားစောင့်ကြည့်ဆောင်ရွက်ကြရန်နှင့် တွေ့ရှိချက်ခိုင်မာစေရန် အကြိမ်များများစမ်းသပ်ရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ သစ်သီးဝလံသုတေသနဌာနစုတွင် ဆောင်ရွက်လျက်ရှိသော နေပြည်တော်ကောင်စီနယ်မြေအတွင်း အမယ်သစ်သီးနှံရရှိရေး စမ်းသပ်စိုက်ပျိုးထားသည့် ဆင်ခရမ်းချဉ် စိုက်ပျိုးဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးပြီး ဟင်းစားပဲပုပ်နှင့် အာလူး၊ ပိန်းဥနှင့် ပီလောပီနံ မြစ်စားစသည့်သီးနှံများအား မျိုးစေ့ဘဏ်နှင့်ပူးပေါင်း၍ မျိုးစုဆောင်းခြင်းနှင့် မျိုးထိန်းသိမ်းခြင်း သုတေသနများတိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ကျင်းပသည့် (၉၂)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက် အားပေးသည်။

နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုမြင့်မားရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ ခေါင်းစဉ်ဖြင့်ဆွေးနွေးသည့် အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါ်ပပဝင်းက နေကြာသီးနှံအကြောင်း သိကောင်းစရာများ၊ နေကြာဆီစားသုံးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ နေကြာသီးနှံ မြန်မာနိုင်ငံသို့ရောက်ရှိလာပုံ၊ နေကြာသီးနှံသုတေသနခရီး၊ လက်ရှိဆောင်ရွက်လျက်ရှိသော နေကြာသီးနှံသုတေသနလုပ်ငန်းများ၊ စပ်မျိုးနေကြာ မျိုးမွေးမြူထုတ်လုပ်ပုံအဆင့်ဆင့်၊ သဘာဝဝတ်မှုန်ကူး မျိုးမွေးမြူထုတ်လုပ်ပုံအဆင့်ဆင့်၊ တောင်သူများပူးပေါင်းပါဝင်သည့် ဆင်းရွှေကြာ-၂ နေကြာမျိုးအား မျိုးသန့်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များ၊ မျိုးမြှင့်တင်ခြင်းလုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ တောင်သူများနှင့် ဆွေးနွေးခြင်း၊ တောင်သူများအား စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယနေ့ကျင်းပသည့် (၉၂)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ တောင်သူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)မှ ဆရာ ဆရာမများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာပေးဝန်ထမ်းများနှင့် တောင်သူ ၃၀၀ တို့က အွန်လိုင်း zoom point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။