ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
Ministry of Home Affairs/ Naypyitaw / June 01, 2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်က လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၃၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပဲခူးမြို့နယ်၊ (၃)ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံအနီးတွင် အမှတ်(၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့ဝင်များ၊ ဘုရားကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်မြို့ဘက်မှ ဘုရားကြီးလမ်းဆုံဘက်သို့ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာနေ ကျော်ရှင်းအောင်(၃၂)နှစ် မောင်းနှင် လာသော YGN-16 4H-XXXX Hijet အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်၍ စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်ရှင်းအောင်အား ဘုရားကြီးနယ်မြေရဲစခန်း (ပ)၄၃/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
“Public Notice for filing complaints”
Posted on Jun 4, 2025