ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ဖမ်းဆီးရမိ
Ministry of Home Affairs/ Naypyitaw / August 03, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးပို့ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီး၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ သန်း (ဒေသကာလတန်ဖိုး ငွေကျပ် ၃ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းနှင့် ပူးပေါင်းပါဝင်သူ ခင်မောင်လွင်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့ပတ်လမ်းရှိ နေအိမ်၌လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအား နေအိမ်၌ သိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မြတ်မင်းအား CANTER BOX မော်တော်ယာဉ်၊ MINICAB မော်တော်ယာဉ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ကြံခင်းမြို့မှ ပန်းတောင်းမြို့သို့ LIFAN မော်တော်ယာဉ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သူ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာနေ စိုးမင်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သည့် LIFAN အမျိုးအစား မော်တော်ယာဉ် တစ်စီးအား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်သူ တင်အောင်မိုး၏ အစီအမံဖြင့် မင်းစည်သူနှင့် ဖိုးအေးတို့မှ ရန်ကုန်မြို့၌ ပန်းတောင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်ကြားရှိ နယ်စပ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းထံ လွှဲအပ်ခဲ့ပြီး ကျော်ကျော်ဝင်း၊ ကိုကိုနိုင်နှင့် မြတ်မင်းတို့သည် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မြို့ရှိ ကိုကိုနိုင်၏ နေအိမ်တွင် ခေတ္တသိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း။
ကြံခင်းမြို့မှ ပန်းတောင်းမြို့သို့ LIFAN ယာဉ်ပိုင်ရှင် စိုးမင်းနှင့် ယာဉ်မောင်း တင့်ဆွေတို့မှ ဆက်လက်သယ်ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့မှတစ်ဆင့် ရဲနိုင်နှင့် မိုးထိတို့မှ ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Aug 4, 2025စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
Posted on Aug 4, 2025၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ
Posted on Aug 4, 2025၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။