ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ကြက်တိုက် လောင်းကစားပြုလုပ်သူ အမျိုးသား ကိုးဦးအား ဖမ်းဆီး အရေးယူ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ကြက်တိုက် လောင်းကစားပြုလုပ်သူ အမျိုးသား ကိုးဦးအား ဖမ်းဆီး အရေးယူ
Ministry of Home Affairs/ Naypyitaw / November 24, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ကိုးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းကျေးရွာအနီး ဒေသအခေါ် သရက်သုံးမျိုးကုန်းတောထဲ၌ ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဝင်းဇော်ဦး(ခ)ကုလားလေး(၄၇)နှစ်ပါ အမျိုးသား ကိုးဦးတို့အား တိုက်ကြက်ဖ လေးကောင်၊ လောင်းကြေးငွေ ၁,၄၃၀,၀၀၀ ကျပ်၊ ကြက်တိုက် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဇော်ဦး(ခ) ကုလားလေးပါ ကိုးဦးအား အင်းတကော်နယ်မြေရဲစခန်း (ပ)၈၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
