ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / December 09, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်၊ လက်ပံတန်း-သာရဝေါသွား မဟာဗျူဟာကားလမ်းဘေးရှိ “စိန်သဇင်” စက်သုံးဆီ အရောင်းဆိုင်၌ စက်သုံးဆီများ တရားမဝင် သိုလှောင်ထားကြောင်း သတင်းအရ လက်ပံတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဆီလှောင်ကန် တာဝန်ခံဖြစ်သူ လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာနေ အောင်စိုးဦး (၃၉)နှစ်အား တွေ့ရှိရပြီး YGN-36/5S-XXXX DONEFENG အဖြူရောင် ဆီဘောက်ဆာမော်တော်ယာဉ်ပေါ်တွင် ပရီမီယံဒီဇယ် ၁၅၀၀ ဂါလန်ခန့်နှင့် “စိန်သဇင်” စက်သုံးဆီသိုလှောင်ကန်တွင် ပရီမီယံဒီဇယ် ၄၅၀၀ ဂါလန်ခန့်၊ စုစုပေါင်း ပရီမီယံဒီဇယ် ၆၀၀၀ ဂါလန်ခန့်(တစ်ဂါလန်လျှင် ၁၂,၈၂၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၇၆၉ သိန်းခန့်)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်စိုးဦး အား လက်ပံတန်းမြို့မရဲစခန်း (ပ)၂၁၅/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
