ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / April 26, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီတွင် အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၅၀ မိုင် ၃ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်တွင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူမြို့မှ အုတ်တွင်းမြို့ဘက်သို့ တံတားဦးမြို့နယ်၊ ချောင်းဘတ်ကျေးရွာနေ ဦးဂျေမောင်မောင်(၃၅)နှစ် မောင်းနှင်သော MDY-14 6M/XXXX TRACTOR HEAD ယာဉ်သည် လမ်းဘေးတွင် ရပ်တန့်ပြီး ဘိလပ်မြေအိတ်များ ချနေစဉ် ဘေးမှ ဖြတ်သန်းမောင်နှင်သွားသော ပဲခူးလမ်းရပ်ကွက်နေ သားပြည့်(ခ)မြင့်မိုရ်ကျော်(၁၇)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ မြတ်မင်းသန့်(၁၆)နှစ် လိုက်ပါလာသော ဆိုင်ကယ်ပေါ်သို့ TRACTOR HEAD ယာဉ်တွင် အုပ်ထားသော မိုးကာစမှာ လေလွင့်ပြီး သားပြည့်(ခ)မြင့်မိုရ်ကျော်၏ မျက်နှာအား အုပ်မိ၍ ဆိုင်ကယ်တိမ်းမှောက်သွားစဉ် တောင်ငူမြို့နယ်၊ အုတ်ကျွတ်တန်းကျေးရွာနေ ဦးစိုးမိုးဟိန်း(ခ)စိုးမိုး(၃၇)နှစ် မောင်းနှင်လာသော YGN-6 7G/XXXX JAC ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် သားပြည့်(ခ)မြင့်မိုရ်ကျော်တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး မြတ်မင်းသန့်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဂျေမောင်မောင်နှင့် စိုးမိုးဟိန်း(ခ)စိုးမိုးတို့ နှစ်ဦး အား အုတ်တွင်းမြို့မရဲစခန်း ယာဉ်(ပ) ၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Posted on Apr 24, 2026ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
