ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / April 29, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲရပ်ကွက် လမ်းမပေါ်အရောက်၌ အဆိုပါရပ်ကွက်နေ စိုင်းဇော်ထက်(၂၈)နှစ်သည် အရက်သေစာ သောက်စားပြီး အရိုး၊ အသွား ၂၉ လက်မခန့်ရှိ ဓားဦးချွန် ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စိုင်းဇော်ထက် အား ဒိုက်ဦးမြို့မရဲစခန်း (ပ)၄၂/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် သင်ပန်းကုန်းရပ်ကွက်၊ ၅၃ လမ်းအရောက်၌ အဆိုပါရပ်ကွက်နေ ဖြိုးသူ(၁၉)နှစ်အား အရိုး၊ အသွား ၂၅ လက်မခန့်ရှိ ဓားရှည် တစ်ချောင်းဖြင့် လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ မိုးကျော်သူ(၂၀)နှစ်အား အရိုး၊ အသွား ၂၅ လက်မခွဲခန့်ရှိ ဓားရှည် တစ်ချောင်းဖြင့် လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဖြိုးသူအား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၅၉/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း၊ မိုးကျော်သူ အား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၆၀/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
