ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသည့် ကျွဲလှည်းအား တိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသည့် ကျွဲလှည်းအား တိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / May 04, 2026
၂၀၂၆ ခုနှစ်၊ မေ ၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသည့် ကျွဲလှည်းအား တိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂ ရက် နံနက် ၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၆ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆားရွှေကင်းရပ်ကွက်နေ ဦးသိန်းတန်(၄၂)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၀ ဦး လိုက်ပါလာသည့် YGN-44/9M-XXXX SCANIA ခရီးသည်တင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသည့် အုတ်တွင်းမြို့နယ်၊ ဘုန်းကျေးရွာနေ ဦးထွန်းနိုင်ဦး(၃၈)နှစ် မောင်းနှင်သည့် ကျွဲလှည်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထွန်းနိုင်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထွန်းနိုင်ဦး အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Posted on May 29, 2026ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Posted on May 27, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
