ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ရုရှားနေကြာမျိုး MAKHAON, VULKAN နှင့် IPPOLIT မျိုးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ရုရှားနေကြာမျိုး MAKHAON, VULKAN နှင့် IPPOLIT မျိုးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / February 23, 2026
ပျဉ်းမနား ဖေဖော်ဝါရီ ၂၀
ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံခြံစိုက်ခင်း (၁၅)ဧကတွင် စိုက်ပျိုးထား ရှိသည့် ရုရှားနိုင်ငံမှ နေကြာမျိုးများဖြစ်သည့် MAKHAON/ VULKAN နှင့် IPPOLIT မျိုးများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ရုရှားနေကြာမျိုး MAKHAON စိုက်ခင်းအတွင်း Collar Rot Disease (CRD) မှိုရောဂါကျရောက်သည့် နေကြာပင်များကို ကြည့်ရှုစစ်ဆေးကာ ကာကွယ်ကုသဆေးများ ဆောင်ရွက်ထားရှိမှု၊ ရောဂါပြန့်ပွားမှုများအား ထိန်းချုပ်ဆောင်ရွက်ထားမှုအခြေအနေများအား စစ်ဆေးကာ နေကြာအဖူးအပွင့်များ စတင်ချိန် ဖြစ်သည့်အတွက် အစေ့အဆံအောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲနှင့် ချိတ်ဆက်ကာ ပျားပုံးချထားခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ရာသီဥတု အခြေအနေများကိုတွက်ဆ၍ သီးနှံဆုံးရှုံးပျက်စီးမှုမဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
