ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကို သေနတ်ဖြင့်ထောက်၍ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိ

ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကို သေနတ်ဖြင့်ထောက်၍ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / November 13, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့ရှိ “ရောင်နီဦး” ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က သေနတ်ဖြင့်ထောက်၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် “ရောင်နီဦး” ရတနာရွှေဆိုင်၌ ဆိုင်ပိုင်ရှင် ဒေါ်အေးအေးမွန်(၄၃)နှစ်နှင့် ဝန်ထမ်းဖြစ်သူ မချစ်ကဗျာ(၁၉)နှစ်တို့ရှိနေစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆိုင်အတွင်းဝင်ရောက်လာပြီး အမျိုးသားက ဒေါ်အေးအေးမွန်အားသေနတ်(အတို)ဖြင့် နားထင်အားထောက်၍ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများကို အိတ်အတွင်းထည့်ခိုင်းစဉ် ဒေါ်အေးအေးမွန်က သေနတ်အား ပုတ်ထုတ်ခဲ့ရာ ၎င်းအမျိုးသားက သေနတ်ဖြင့်ထု၍ လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ အဆိုပါအမျိုးသားနှင့်အတူ ပါလာသူအမျိုးသမီးက ရွှေထည်ပစ္စည်းများ ထည့်ထားသည့် ဘူးတစ်ဘူးအား လုယက်ယူဆောင်စဉ် မချစ်ကဗျာက ပြန်လည်လုယူခဲ့ရာ အဆိုပါအမျိုးသမီးမှ လက်သည်းဖြင့်ကုတ်ခြစ်ကာတွန်းထုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ဒုစရိုက်ပြစ်မှုကျူးလွန်သူများအား မလိုလားသည့် ပြည်သူများနှင့် အဆိုပါရပ်ကွက်အတွင်း ရောက်ရှိနေသည့် နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက လိုက်လံဝိုင်းဝန်းဖမ်းဆီးခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကေးလမ်းသွယ်(၁)လမ်းပေါ်၌ လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် ရွှေပြည်သာမြို့နယ်၊ သိမ်ကျောင်းရွာနေ သန်းတိုးအောင်(၂၈)နှစ်နှင့် ပျဉ်းမနားမြို့၊ ရန်အောင်(၂) ရပ်ကွက်နေ ယမင်း(ခ)ရေဟန်(၂၅)နှစ်တို့ကို ၎င်းတို့ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သေနတ်အတု ၂ လက်၊ အရိုး/အသွား ၇ လက်မခန့်ရှိ ခေါက်ဓား ၁ ချောင်း၊ CZI အမျိုးအစားဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ၎င်းတို့လုယက်ယူဆောင်သွားသည့် ရွှေလက်စွပ် ၁၃ ကွင်း၊ ရွှေနားကပ် ၈ ရံ၊ ရွှေဆွဲသီး ၁ ခု (ကာလတန်ဖိုး ၄၆ သိန်းကျော်ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ လုယက်မှုကျူးလွန်စဉ် ထုနှက်၊ ထိုးကြိတ်၊ ကုတ်ခြစ်ခဲ့မှုကြောင့် ဒေါ်အေးအေးမွန်တွင် ဦးခေါင်းနှင့်မျက်နှာတို့တွင်လည်းကောင်း၊ မချစ်ကဗျာတွင် ဦးခေါင်း၌လည်းကောင်း ဖူးရောင်ပွန်းခြစ်ဒဏ်ရာများရရှိခဲ့သဖြင့် ပျဉ်းမနားမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိသူများဖြစ်သည့် သန်းတိုးအောင်နှင့် ယမင်း(ခ)ရေဟန်တို့အား ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၄၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ ထိရောက်သော ပြစ်ဒဏ်ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။