ပြင်ဦးလွင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” ပြည်သူလူထုလှုံ့ဆော်ရေး(Campaign) ဆောင်ရွက်

ပြင်ဦးလွင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” ပြည်သူလူထုလှုံ့ဆော်ရေး(Campaign) ဆောင်ရွက်


Ministry of Information/ Naypyitaw / December 23, 2025
image_latest


ပြင်ဦးလွင် ဒီဇင်ဘာ ၂၂

ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး လှုံ့ဆော်မှု(Campaign)ကို နိုင်ငံတစ်ဝန်း၌ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တီးဝိုင်းနှင့် ဝန်ထမ်းအဆိုရှင်များ၊ နိုင်ငံကျော်ရုပ်ရှင်နှင့်ဂီတအနုပညာရှင်များနှင့်အတူ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်ရေး ပြည်သူလူထု လှုံ့ဆော်ရေး(Campaign)ကို ဆောင်ရွက်ကြသည်။

အဆိုပါအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက တက်ရောက်လာကြသည့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တို့မှဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။

ဦးစွာ MRTV မှထုတ်လုပ်သည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” Video Clip ကို ဖွင့်လှစ်ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နယ်မြေတည်ငြိမ်လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီးသည်ကို မကြာမီက နယ်မြေဆက်စပ်ပြီး ကြုံတွေ့ခဲ့ရသည့် ပြင်ဦးလွင်မြို့နယ်မှ ပြည်သူများအနေဖြင့် ပိုမိုသိရှိကြပြီးဖြစ်ပါကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတို့ဒေသအကျိုး ဆောင်ရွက်ပေးနိုင်မည့်သူများကိုရွေးချယ်ပြီး ဆန္ဒအလျောက် လွတ်လပ်စွာဆန္ဒပြုမဲပေးကြရန်နှင့် ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင် ခရိုင်အတွက် MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB- T2 Set Top Box အလုံး ၂၀ အား ပေးအပ်လှူဒါန်းရာ ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်ကိုစတင်ရာ ပြင်ဦးလွင်မြို့ အထက(၂)မှ ကျောင်းသူလေးများက “မေမြို့(သို့မဟုတ်)ပြင်ဦးလွင်” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ ပွင့်၊ ဆောင်းယွန်းစံ၊ စည်သူဝင်း၊ သရုပ် ဆောင်/ တေးသံရှင် ဟန်ထူးဈာန်၊ စျာစျာန်ဟန်သာ၊ သံသာမိုးသိမ့် ၊ တေးသံရှင်စစ်သွေး၊ ထက်အဉ္ဇလီ၊ ပိုးဖြူဖြူ၊ နွေဦးသခင်နှင့် MRTV မှ တေးသံရှင် တျားရုအောင်၊ စောဒယ်နီရယ်၊ စောရက်စတာ၊ ဝမ်းကေဇင်၊ ဖူးဧကရီဆောင်း၊ မြတ်ဆုချယ်၊ အင်ကြင်းနိုင်ဦး၊ မေသူမျိုး၊ လဝန်းမေ၊ ခတ္တာတို့က သီဆိုဖျော်ဖြေကြရာ တက်ရောက်လာကြသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများကလည်း ပါဝင်သီဆိုကခုန်ကာ ပျော်ရွှင်စွာအားပေးကြသည်။

အဆိုပါ ဖျော်ဖြေရေးအဖွဲ့များအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့များမှ ဂုဏ်ပြုချီးမြှင့်ငွေများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖတို့က ပေးအပ်ကြသည်။

နံနက်စောစောပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနုပညာရှင်များနှင့်အတူ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။

ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ်ကို ရေပြင်ဧရိယာ ဧက ၇၀ အပါအဝင် အကျယ်အဝန်း ၄၃၆ ဒသမ ၃၆ ဧကတွင် သဘာဝသစ်ပင်၊ ပန်းပင်များထိန်းသိမ်း ထားရှိမှုအပြင် မူရင်းပန်းမျိုးများ၊ စပ်မျိုးပန်းပင်များနှင့် စုဖွဲ့စိုက်ပျိုးခင်းကျင်းပြသထားမှုကိုလည်းကောင်း၊ အင်ကြင်းကျောက်ပြတိုက်၊ ရွှံ့နွံဖြတ်လျှောက် တံတား၊ သဘာဝငှက်ဥယျာဉ်၊ လိပ်ပြာပြတိုက်စသည့် ပြကွင်း/ပြကွက်များဖြင့်လည်းကောင်းစုဖွဲ့ကာ အများပြည်သူလေ့လာနိုင်ရန်နှင့် အပန်းဖြေနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။

ထို့ပြင် နှစ်စဉ်ဆောင်းရာသီတိုင်းတွင် ပန်းပွဲတော်များ စီစဉ်ကျင်းပလျက်ရှိရာ ယခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ (၁၈)ကြိမ်မြောက် ပန်းပွဲတော်ကို နိုင်ငံကျော်အနုပညာရှင်များပါဝင်ကာ စင်တင်တေးဂီတဖြင့် ထည့်သွင်းကျင်းပလျက်ရှိရာတွင် ရုံးပိတ်ရက်များနှင့် အချို့ရက်များ၌ လာရောက်လေ့လာလည်ပတ်မှုနှင့် အပန်းဖြေရန် လာရောက်မှုဦးရေမှာ ပြည်ပခရီးသွားများ အပါအဝင်တစ်ရက်လျှင် အများဆုံးလည်ပတ်သူ လေးသောင်းခန့်ထိရှိနေပြီး မျှော်မှန်းထားသည်ထက် ပိုမိုလာရောက်လည်ပတ်လျက်ရှိကြောင်းသိရသည်။

သတင်းစဉ် 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။