ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် စီးနင်းမှုများပြား
ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် စီးနင်းမှုများပြား
Ministry of Information/ Naypyitaw / January 31, 2026
နေပြည်တော် ဇန်နဝါရီ ၃၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်တွင်းမှခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်နှင့် လမ်းခရီးရှိ ရေမြေတောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန် ဂုတ်ထိပ် (၁) ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ် (၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်အား ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးလျက်ရှိသည်။
ထိုသို့ ပြေးဆွဲခဲ့ရာ ယနေ့အထိ ပုံမှန်ရထားခရီးစဉ် ၁၃ ခေါက်ပြေဆွဲပေးခဲ့ပြီး ခရီးသည် ၆၂၁ ဦး၊ Package ဖြင့် စင်းလုံးငှားရမ်းမှုတွင် ခရီးသည် ၂၄ ဦး လိုက်ပါစီးနင်းနိုင်သည့် RBE အထက်တန်းတွဲဖြင့် ခရီးစဉ်ရှစ်ကြိမ်နှင့် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်သည့် RBE ရိုးရိုးတန်းတွဲဖြင့် ခရီးစဉ် ခြောက်ကြိမ်ဖြစ်၍ ခရီးသည် ၄၃၂ ဦး၊ စင်းလုံး ငှား ရထားကြီးဖြင့် ပြေးဆွဲပေးမှုအနေဖြင့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၆ ရက်တို့တွင် ပြင်ဦးလွင်မြို့ရှိ Snow Queen ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၅၄၀ ၊ ဇန်နဝါရီ ၂၈ ရက်တွင် ရိုးရိုးတန်းငါးတွဲဖြင့် ပြင်ဦးလွင်မြို့ရှိ မေမြို့ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၃၀၀နှင့် ဇန်နဝါရီ ၂၉ ရက်တွင် ရိုးရိုးတန်းလေးတွဲနှင့် အထက်တန်းနှစ်တွဲဖြင့် ပြင်ဦးလွင်မြို့အနီးစခန်းရှိ ပညာရွှေရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၃၀၀ တို့ကို ပို့ဆောင်ပေးခဲ့ပြီး စတင်ပြေးဆွဲခဲ့သည့်အချိန်မှ ယနေ့အထိ ခရီးသည်စုစုပေါင်း ၂၁၉၃ ဦး လိုက်ပါစီးနင်းခဲ့သည်။
ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်- ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်ပြီး ဂုတ်ထိပ် (၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိ ရပ်နားကြောင်း ဂုတ်ထိပ် (၂) RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီအချိန်တွင် ပြန်လည် ရောက်ရှိကြောင်း၊ လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချို ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဂုတ်ထိပ်ဘူတာမှ ဂုတ်ထိပ်တံတားပေါ် ဖြတ်သန်းပြီး ရှုခင်းကြည့်နေရာအထိ လူ ၂၀ လိုက်ပါ စီးနင်းနိုင်သည့် RGC ရထားအားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိ ရာ ယနေ့အထိ ၄၀၀လိုက်ပါစီးနင်းခဲ့သည်။
ပြင်ဦးလွင်-ဂုတ်ထိပ် အသွား/အပြန် ခရီးစဉ်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ခရီး သွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ သီးခြားရက်များတွင်ငှားရမ်းလိုပါက RBE ရထား (တစ်စင်းလုံး) ၂၄ ဦး လိုက်ပါ စီးနင်းနိုင်သည့် အထက်တန်းတွဲ ဖြင့် အသွား/အပြန်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်ခုနစ်သိန်း နှစ်သောင်းကျသင့်မည်ဖြစ်သည်။
ထို့အတူ ခရီးသည် ၁၅၀ နှင့်အထက် စီးနင်းနိုင်ရန် ရထားကြီးဖြင့် ထိုင်ခုံ ၃၀ ပါ အထက်တန်းတွဲ၊ ထိုင်ခုံ ၆၀ ပါ ရိုးရိုးတန်းတွဲနှင့် ဘရိတ်တွဲတို့ဖြင့် ချိတ်ဆက်၍ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ်အပြင် ဇီးပင်ကြီး၊ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့မှ လိုက်ပါစီးနင်းလိုပါကလည်း ပြေးဆွဲပေးမည်ဖြစ်ရာ ပြင်ဦးလွင်- ဂုတ်ထိပ် - ပြင်ဦးလွင် အသွား/အပြန် ရိုးရိုးတန်းတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀နှင့် အထက်တန်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အနီးစခန်း ဘူတာမှ စတင်ပြေးဆွဲပေးခဲ့မှုအတွက် ရိုးရိုးတန်းတစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀နှင့် အထက်တန်းတစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀ ကောက်ခံပြေးဆွဲပေးခဲ့သည်။
အထက်ပါ နှုန်းထားများဖြင့် ရှုခင်းကြည့် Sight Seeing ခရီးစဉ်များအတွက် Package ဖြင့် RBE (သို့မဟုတ်) ရထားကြီး စင်းလုံးငှားရမ်းလိုပါက ၃ ရက် ကြိုတင်၍ ရုံပိုင်ကြီး (အထူးတန်း) ပြင်ဦးလွင်၊ ဖုန်း၀၉-၄၄၈၅၃၈၈၃၀ မှတစ်ဆင့် ဆက်သွယ်ငှားရမ်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
