ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အသိပေးနှိုးဆော်ခြင်း
ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အသိပေးနှိုးဆော်ခြင်း
Ministry of Information/ Naypyitaw / November 27, 2025
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပုံစံ(၁၅)ဖြင့် တောင်းဆို၍ မိမိတို့ရောက်ရှိရာဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၌ ၂၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၁၅-၉-၂၀၂၅ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပတွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနက် ပုံစံ(၁၅)ဖြင့် တောင်းဆိုထားသည့် ယာယီနေရပ်စွန့်ခွာ နေရသူများသည် ၂၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့အတွင်း မိမိရောက်ရှိရာဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက စီစဉ်ဆောင်ရွက်ပေးသည့် သင့်လျော်သောနေ့ရက်နှင့်နေရာတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
