ပြည်တွင်း/ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ

ပြည်တွင်း/ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ


Ministry of Information/ Naypyitaw / November 09, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၈

စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအလုပ် အကိုင်ရရှိ‌ရေးအတွက်တာဝန် ထမ်းဆောင်ပြီးချိန်တွင် ၎င်းတို့ဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်ထားပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့က အလုပ်သမားဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌအလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုပါက ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များရှာဖွေပေးခြင်း၊ အလုပ်အကိုင်လိုအပ်သည့် လုပ်သားစာရင်းနှင့် အလုပ်အကိုင်ဆိုင်ရာအချက်အလက်များကိုစာရင်းပြုစုခြင်းနှင့် စိစစ်ရွေးချယ်ခြင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဘာသာစကား၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင်တန်း၊ လုပ်ငန်းခွင်ကျွမ်းကျင် သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ ပြည်ပနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စေလွှတ်ခြင်းစသည့် လုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ပေး မည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်တွင်း အလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို ပြည်တွင်းအလုပ်အကိုင် ဆန္ဒပြုသူများအတွက် ပြည်တွင်းအလုပ်အကိုင် နေရာများတွင် ခန့်ထားနိုင်ရေး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များရှိ ခရိုင်/မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် အလုပ်ရှင်များပေးပို့ထားသည့် အမှာစာပါ အလုပ်အမျိုးအစားများတွင် မိမိတို့နှင့်ကိုက်ညီသည့် အလုပ်အကိုင်များကို ရွေးချယ်စေကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ဆန္ဒပြုသည့် လုပ်ငန်းနှင့်သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်ရေးအတွက် သက်မွေးသင်တန်း ကျောင်းများဖွင့်လှစ်ထားသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရ၊ ပုဂ္ဂလိကသင်တန်းကျောင်းများနှင့် ချိတ်ဆက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနအလိုက် ဆောင်ရွက်ပေး နိုင်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 09, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Posted on Nov 08, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Posted on Nov 07, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Posted on Nov 06, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 05, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Posted on Nov 04, 2025
AnnouncementsExplore more >

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း

Posted on Nov 8, 2025

သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့်

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Nov 8, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Nov 8, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,