ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ကြော်ငြာစာများနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ကြော်ငြာစာများနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / December 29, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP)အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၅၉)ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်း ဥပဒေများ၊ အမိန့်ကြော်ငြာစာများနှင့်စပ်လျဉ်းသည့် အသိပညာမျှဝေဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် စီမံရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းက အသိပညာ မျှဝေရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက် ဆိုင်ရာများ၊ ဌာနများ၏ လုပ်ငန်းပိုင်းဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံတကာအတွေ့ အကြုံများစသည့်ကဏ္ဍပေါင်းစုံကို ဤရုံးဝန်ထမ်းများ၊ အခြားဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် သူများ၊ ပြင်ပပညာရှင်များမှ ဆွေးနွေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် (၅၉)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊နည်းဥပဒေများနှင့် အမိန့်ကြော်ငြာစာများ”ခေါင်းစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေဖွံ့ဖြိုးမှုနှင့်အဖွဲ့အစည်းများအကြောင်း၊ အဆိုပြုချက်နှင့်အတည်ပြုလျှောက်ထားလွှာစိစစ်ခြင်း၊ အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်၊ မြေအသုံးပြုခွင့်၊ ရင်းနှီးမြှုပ်နှံသူများအားဆက်ဆံဆောင် ရွက်ခြင်း၊ အမှုထမ်းများနှင့်အလုပ်သမားများခန့်ထားခြင်း၊ ဘဏ္ဍာငွေလွှဲပြောင်းခြင်း၊ ရင်းနှီးမြှုပ်နှံ သူကတင်ပြရမည့်အစီရင်ခံစာများ၊ စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ခြင်းနှင့် အငြင်းပွားမှုဖြေရှင်းခြင်း တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပေးမည်ဖြစ်သည့်အတွက် အသိပညာဗဟုသုတများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ချိတ်ဆက်အသုံးပြုကြစေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးသည့်အကြောင်းအရာများ ကိုလည်း သေချာစွာဂရုပြုနားထောင်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသွားကြစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်တင်လင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ သည်။

ယင်းနောက် ဆွေးနွေးပွဲတက်‌ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ကြည်ကြည်သော်မှ ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်း စစ်ချုပ်ရုံးများနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက Online ဖြင့် လည်းကောင်း စုစုပေါင်း (၆၇၄) ဦး တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။