ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာအစည်းအဝေးအမှတ်စဉ် ၁/၂၀၂၅ ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာအစည်းအဝေးအမှတ်စဉ် ၁/၂၀၂၅ ကျင်းပခြင်း


Office of the Auditor General of the Union/ NPT / January 07, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာအစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပ ခဲ့သည်။

အစည်းအ‌ဝေးတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါ်သန္တာဖြူအေးက အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါကြောင်း၊ ကိုယ်ပိုင်အကျိုးအမြတ် ရရှိစေရန်အတွက် မိမိ၏ အာဏာ၊ တာဝန်၊ လုပ်ပိုင်ခွင့်များကို မမှန်မကန်အသုံးချခြင်းသည် အဂတိလိုက်စားမှုဖြစ်ပါကြောင်း၊ အာဏာ အလွဲသုံးစားလုပ်ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ အကျိုးအမြတ်အတွက် ဆုံးဖြတ်ချက်မှားယွင်း စေခြင်းများကို ကြိုတင်ကာကွယ်ခြင်း၊ လျှော့ချခြင်းနှင့်ဖော်ထုတ်အရေးယူခြင်းစသည့် လုပ်ငန်းစဉ်များအားလုံးသည် တားဆီးကာကွယ်ခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်အရေးကြီးပြီး လူတိုင်း၏ တာဝန်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြား၍ အဂတိလိုက်စားမှုအမျိုးအစားများ၊ အစီရင်ခံစာတင်ပြမှုနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှု၊ Public Feedback Programme၊ အဂတိလိုက်စားမှု တားဆီးကာကွယ်နိုင်သည့် နည်းလမ်း များကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ(၁) ဒေါ်ကြည်ကြည်သော်၊ ဒု-ဥက္ကဋ္ဌ(၂) ဒေါ်ခင်ထွေးရီ၊ ဒု-ဥက္ကဋ္ဌ(၃) ဦးအေးငွေ နှင့် ဒု-ဥက္ကဋ္ဌ(၄) ဒေါ်သိန်းသိန်းဦး တို့ကလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများကလည်းကောင်း၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးများ ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများက ပတ္တမြားခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်‌ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။