ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခမ်းအနားမှူးသင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှုသင်တန်းဖွင့်ပွဲ ကျင်းပ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခမ်းအနားမှူးသင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှုသင်တန်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / January 08, 2026
နေပြည်တော် ဇန်နဝါရီ ၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခမ်းအနားမှူး (Master of Ceremony) သင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Edi-ting) သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် ကျင်းပမည့် အခမ်းအနားများ၊ အစည်းအဝေးများတွင် အခမ်းအနားမှူးအဖြစ် စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်ဝသည့် ဓာတ်ပုံ၊ ဗီဒီယိုနှင့် သတင်းမှတ်တမ်းများရရှိစေရန်၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သတင်းအချက်အလက်သည် ဆက်သွယ်ရေးတွင် အလွန်အရေးကြီးပါကြောင်း၊ တင်ပြမှုများသည် ကောင်းမွန်ပြီးစနစ်ကျနမှုရှိမှသာ ပြည်သူသို့ အသိပေးချင်သည့် အကြောင်းအရာအား အကောင်းဆုံးတင်ပြပေးနိုင်မည်ဖြစ်သည့်အတွက် အရေးပါသော သင်တန်းများဖြစ်ကြောင်း၊ သင်တန်းများသည် Professional သင်တန်းများဖြစ်သည့်အတွက် တက်ရောက်သည့် ဝန်ထမ်းများအနေဖြင့် ဆွေးနွေးသင်ကြားပို့ချချက်များကို ဂရုတစိုက် အလေးထားသင်ယူမှတ်သားကြရန်၊ မရှင်းလင်းသည့်အချက်များ၊ ထပ်မံသိရှိလိုသည့် အချက်များကိုလည်း မေးမြန်းကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားမှူး (Master of Ceremony) သင်တန်းတွင် သင်တန်းသား ၄၉ ဦးနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing) သင်တန်းတွင် သင်တန်း သား ၃၉ ဦး စုစုပေါင်း သင်တန်းသား ၈၈ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
