ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူး (Master of Ceremony )သင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူး (Master of Ceremony )သင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / January 14, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူး (Master of Ceremony) သင်တန်းနှင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးတည်းဖြတ်မှု (Video Editing)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လည် ၃:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ဝန်ထမ်းများ အနေဖြင့် အခမ်းအနားမှူးအဖြစ် စနစ်တကျဆောင်ရွက်နိုင်ရန်၊ အရည်အသွေးပြည့်ဝသည့် ဓာတ်ပုံ၊ ဗီဒီယိုနှင့်သတင်းမှတ်တမ်းများရရှိစေရန်၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ယခုသင်တန်းတွင် အခမ်းအနားမှူး (MC) တစ်ဦး၏ ကျင့်ဝတ် (Ethics)များ၊ အသံနေအသံထား(Voice Modulation)နှင့် ကိုယ်အမူအရာ(Body Language) ဆိုင်ရာကျွမ်းကျင်မှုများ၊ ဗီဒီယိုရိုက်ကူးမှုအပိုင်းတွင် ရိုက်ကွင်းရိုက်ကွက်(Camera Angles) ရွေးချယ်မှုများ၊ တည်းဖြတ်မှု (Video Editing) အပိုင်းတွင် ရုပ်နှင့်အသံ ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားမည့် သတင်းမှတ်တမ်းအဖြစ် ဖန်တီးမှုအတွက် လက်တွေ့ ကျသည့်နည်းစနစ်များ၊ သတင်းဓာတ်ပုံရိုက်ကူးခြင်းတွင် အလင်းအမှောင် (Lighting)၊ အချိုးအစား (Composition)နှင့် သတင်းတန်ဖိုး (News Value) ရှိအောင် ရိုက်ကူးရသည့် အတတ်ပညာများ၊ Photoshop ပိုင်းတွင် အရည်အသွေး ပိုမိုကောင်းမွန်ပြီး သေသပ်လှပအောင်၊ သတင်းကျင့်ဝတ်နှင့်အညီ ပြုပြင်တည်းဖြတ်ရသည့် နည်းပညာများကို စေတနာအပြည့်ဖြင့် သင်ကြားပေးသည်ကိုတွေ့မြင်သိရှိရပါကြောင်း၊ သတင်းဓာတ်ပုံပညာသည် သာမန်ဓာတ်ပုံ ရိုက်ကူးခြင်းထက် ပိုမိုနက်ရှိုင်းပြီး ဖမ်းယူနိုင်သည့်ပုံရိပ်မှတစ်ဆင့် ပြည်သူလူထုဆီသို့ သတင်း စကား ထိထိရောက်ရောက်ပေးပို့နိုင်ရန် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံလိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် နည်းပြဆရာ/ဆရာမများ၏ စနစ်တကျလေ့ကျင့်သင်ကြားပေးမှုနှင့် လမ်းညွှန်မှုများသည် သင်တန်းသားများအနေဖြင့် အရည်အသွေးတိုးတက်လာပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်မှု သတင်းမှတ်တမ်းများတွင် အစဉ်အမြဲအထောက်အကူပြုနေမည် ဖြစ်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ခန်းစာများ၏ တန်ဖိုးကို နားလည်ပြီး လက်တွေ့ကျွမ်းကျင်မှု (Skill) ရှိအောင်ဆက်လက်လေ့ကျင့်ကြရန်၊ လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားမှူး ( Master Of Ceremony) သင်တန်းသား/သူများကိုယ်စား နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်တန်းသူ ဒေါ်ခင်ကဗျာကျော်က လည်းကောင်း၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု(Video Editing) သင်တန်းသား/သူများ ကိုယ်စား စီမံရေးရာဦးစီးဌာနမှ သင်တန်းသား ဦးအေးလ ကလည်းကောင်း အသီးသီးကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းတွင် အခမ်းအနားမှူး ( Master Of Ceremony) သင်တန်းတွင် သင်တန်းသား ၄၉ ဦး နှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု (Video Editing) သင်တန်းတွင် သင်တန်းသား ၃၉ ဦး စုစုပေါင်း ၈၈ ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများ၊ ပညာရှင်နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း