ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်ရန် Container House များ တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေးခြင်း သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်ရန် Container House များ တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေးခြင်း သတင်းထုတ်ပြန်ချက်
Office of the Auditor General of the Union/ NPT / June 10, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့်မိသားစုဝင်များ နေထိုင်ရေး အဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းပါ Container House များ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝင်းအတွင်း တပ်ဆင်ပြီးစီးမှုနှင့်ရေရရှိရေး စီမံဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဥ် ပြည်ထောင်စုစာရင်းစစ်ချုပ်က Container House အဆောက် အဦများ ခိုင်ခံ့မှုရှိစေရေး၊ ရေမီးရရှိရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး စီစဥ်ဆောင်ရွက်ရန် မှာကြားခဲ့ သည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများအတွက် အလုပ်ခေါ်ယူခြင်း
Posted on Jun 7, 2025သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများတွင် အလုပ် ဝင်ရောက်လိုသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသား/သူများ ရှိပါက လျှောက်လွှာမိတ္တူနှင့် လိုအပ်သောအချက်အလက်များကို သင်တန်းရေးရာဌာနသို့ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်ပါသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)
Posted on Jun 10, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)