ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းမှု ကြည့်ရှုအားပေး
ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းမှု ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / July 03, 2025

နေပြည်တော် ဇူလိုင် ၂
ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက်ကြည့်ရှုအားပေးသည်။
စုပေါင်း သွေးလှူဒါန်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း ၃၆ ဦးတို့က သွေးလှူဒါန်းကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး ကြက်ဥ၊ အားဖြည့်အချိုရည်၊ မုန့်၊ ရေသန့်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင်က ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးလာရောက်လှူဒါန်းကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း ၃၆ ဦးကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jul 4, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Posted on Jul 3, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)