ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၄/၂၀၂၅) ကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၄/၂၀၂၅) ကျင်းပခြင်း
Office of the Auditor General of the Union/ NPT / November 07, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၄/၂၀၂၅) အခမ်းအနားကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကြီးမှူး၍ ၂၇ - ၁၀ - ၂၀၂၅ ရက်နေ့မှ ၂၈-၁၀-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးအဖွဲ့မှ ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် စစ်ဆေးရေးဦးစီးဌာနနှင့် စီမံရေးရာဦးစီး ဌာနတို့မှ ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း ကျင်းပခဲ့ရာ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက မိမိတို့လိုအပ်ချက်များကို အစီ အစဉ်အတိုင်း အသီးသီး ဆန္ဒထုတ်ဖော်တင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာရုံး၊ ဌာနများအလိုက် အသီးသီး ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ဦးစားပေးရ မည့်ကိစ္စရပ်များအပေါ်မူတည်၍ ဖြစ်နိုင်သမျှ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် တန်ဆောင်တိုင်ပွဲတော်တွင်လည်း တက်ညီ လက်ညီ အားလုံးပါဝင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
