ပြည်ထောင်စုစာရင်းစစ်ချုပ် ‌ဒေါက်တာခင်နိုင်ဦး မြန်မာနိုင်ငံစာရင်းကောင်စီ၊ အလုပ်အမှုဆောင် အဖွဲ့(၁/၂၀၂၅) အစည်းအဝေးသို့ တက်‌ရောက်ခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ် ‌ဒေါက်တာခင်နိုင်ဦး မြန်မာနိုင်ငံစာရင်းကောင်စီ၊ အလုပ်အမှုဆောင် အဖွဲ့(၁/၂၀၂၅) အစည်းအဝေးသို့ တက်‌ရောက်ခြင်း


Office of the Auditor General of the Union/ NPT / December 23, 2025


မြန်မာနိုင်ငံစာရင်းကောင်စီအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး ၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက် ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီသည် စာရင်းပညာနှင့် စာရင်းလုပ်ငန်း နယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် ကော်မတီ(၈)ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စာရင်းလုပ်ငန်းများ အောင်မြင်ထိရောက်စေရေး ကြိုးစား ဆောင်ရွက်မှုများကို လျင်မြန်စွာပိုမိုတိုးတက်ဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီလုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ အထူးအားဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် စာရင်းပညာ တတ်ကျွမ်း မှုဖြင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်စွာနှင့်လုပ်ကိုင်နိုင်မှုကို တွန်းအားပေးမြှင့်တင်နိုင်ရေးအတွက် နည်းပညာခေတ်တွင် Online သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး အစီအမံများချမှတ်ဆောင်ရွက် မှုကို အားပေးကြိုဆိုပါကြောင်း၊ နိုင်ငံတကာစာရင်းစစ်စံများ၊ မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေနှင့် မြန်မာနိုင်ငံစာရင်းကောင်စီက ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လက်တွေ့ စာရင်းလုပ်ငန်း နယ်ပယ်တွင် သိရှိလိုက်နာနိုင်ရေးအတွက် MICPA ၏ CPD ဟောပြောပွဲများတွင် ဆွေးနွေးခြင်းဖြင့် အသိပညာ‌‌ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ Off-site နှင့် On-site စစ်ဆေးမှုလုပ်ငန်းများ၊ အသိပညာမြှင့်တင်ရေး ဟောပြောပွဲများနှင့် သင်တန်းများ စီစဉ်ဆောင်ရွက်ခြင်းအပြင် မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအကူအညီကို ရယူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်မှုရှိမည်ဖြစ်ပါကြောင်း၊ စာရင်းလုပ်ငန်း ဝန်ဆောင်မှုပေးရာတွင်လည်း Professional Due Care ထားရှိဆောင်ရွက်ကြရန်၊ ကျင့်ဝတ် လိုက်နာကြရန်နှင့် ရှေ့ဆက်လက်၍လည်း နိုင်ငံ၏စာရင်းပညာနယ်ပယ်ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ယခင်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ သက်ဆိုင်ရာကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဒုတိယစာရင်းစစ်ချုပ်နှင့်အတူ ရန်ကုန် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စစ်ဆေးရေး၊ စီမံခန့်ခွဲရေးနှင့် ဝန်ထမ်း ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။