ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၅/၂၀၂၅) ကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၅/၂၀၂၅) ကျင်းပခြင်း
Office of the Auditor General of the Union/ NPT / December 29, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၅/၂၀၂၅) အခမ်းအနားကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကြီးမှူး၍ ၁၆ - ၁၂ - ၂၀၂၅ ရက်နေ့ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်း များ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာနနှင့် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတို့မှ ဝန်ထမ်း များ၏ဆန္ဒထုတ်ဖော်ပွဲများအားလည်းကောင်း ကျင်းပခဲ့ရာ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူး များနှင့်ဝန်ထမ်းများက မိမိတို့လိုအပ်ချက်များကို အစီအစဉ်အတိုင်း အသီးသီးဆန္ဒထုတ်ဖော် တင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များက သက်ဆိုင်ရာရုံး၊ဌာနများအလိုက် အသီးသီးပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ၏တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ဦးစားပေးရ မည့်ကိစ္စရပ်များအပေါ် မူတည်၍ ဖြစ်နိုင်သမျှ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ဤရုံး၏ဝန်ထမ်းမိသားစုအားကစားပွဲတွင် လည်း တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအားလုံး ပျော်ရွှင်စေရန် အတွက် နှစ်သစ်ကူးပွဲတော်ကိုလည်း ကျင်းပပေးမည်ဖြစ်ကြောင်းပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
