ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ
Ministry of Information/ Naypyitaw / November 01, 2024
နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဒီဂရီ ကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာမများ၊ သင်တန်းဆင်းကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။
ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင်လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၆၀၊ သိပ္ပံဘွဲ့ ၉၈၁ ဦး၊ B.Tech ၁၃၉ ဦး၊ A.G.T.I ဒီပလိုမာ ၇၆၅ ဦး စုစုပေါင်းတိုင်းရင်းသားလူငယ် ၂၄၄၅ ဦးတို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ ပါရဂူဘွဲ့ ၃၂ ဦး၊ B.Tech ၃၄၆ ဦး၊ B.E ၆၂၅ ဦး၊ M.E ၃၄ ဦး အသီးသီးအောင်မြင်မှုရရှိခဲ့သည့်အပြင် ဘာသာရပ်အလိုက် ဆက်လက်ကြိုးစားသင်ယူဆဲ ကျောင်းသား ကျောင်းသူများရှိကြောင်း။
ပညာခေတ်ကြီးတွင် ကြီးပြင်းခဲ့ကြသူများဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများကို အဆင့်မြင့်မြင့်တတ်မြောက်အောင် ဆက်လက်ကြိုးစားလေ့လာသွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လူငယ်များ၏ အဓိကစွမ်းအားစုအဖြစ် ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံစေရေး စသည့်လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၌ ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြသည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်း ကျင့်ဝတ်စည်းကမ်းတန်ဖိုးများကို သိရှိလိုက်နာပြီး လုပ်ငန်းစွမ်းဆောင်ရည်အပြည့်ဖြင့် မြင့်မားသောစိတ်ဓာတ်၊ မှန်ကန်သောခံယူချက်၊ မြင့်မြတ်သော အကျင့်စာရိတ္တကောင်းများကို လက်ကိုင်ပြု၍ အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်၏တာဝန်များကို ကြိုးစားထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆုရရှိသူနှစ်ဦးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာထူးချွန်ဆုရရှိသူ တစ်ဦးကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှကိုယ်စားလှယ်များက အလုပ်တာဝန်ခန့်အပ်လွှာများ ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်းရှိ အားကစားကွင်းနှင့် ပွဲကြည့်စင်၊ ဆောက်လုပ်ဆဲလေးထပ်အင်ဂျင်နီယာအလုပ်ရုံ၊ အိပ်ဆောင်များ၊ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများနှင့် သာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 30, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
Posted on Oct 29, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
Posted on Oct 28, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 27, 2024
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Oct 31, 2024အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Oct 31, 2024အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း...
Posted on Oct 31, 2024နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်( ၁၄ )တို့သို့ တက်ရောက်ရန်ကိစ္