ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ တရားမဝင် သယ်ဆောင်လာသည့် သစ်များနှင့် မီးသွေးများ ဖမ်းဆီးရမိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ တရားမဝင် သယ်ဆောင်လာသည့် သစ်များနှင့် မီးသွေးများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / June 02, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၃၁ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ တရားမဝင် သယ်ဆောင်လာသည့် သစ်များနှင့် မီး သွေးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၃၀ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန် ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် တံတားဦး-ရွှေဟင်္သာကျေးရွာချင်းဆက် လမ်းပေါ်အရောက်၌ မင်းပြင်ကျေးရွာနေ ရန်နိုင်မင်း(၃၀)နှစ် မောင်းနှင်ပြီး အောင်မြေယာကျေးရွာနေ ထက်လင်းအောင်(၂၉)နှစ် လိုက်ပါလာသည့် SHN-12/2F-XXXX SKAT ခြောက်ဘီး မော်တော်ယာဉ်အား ရပ် တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသော သံသေသစ်ခွဲသား ၁.၀၅၆၀ တန်အား တွေ့ရှိဖမ်းဆီးရမိသဖြင့် ရန်နိုင်မင်းနှင့် ထက်လင်းအောင်တို့ နှစ်ဦးအား လယ်ဝေးမြို့မရဲစခန်း (ပ)၇၄/၂၀၂၆၊ သစ်တောဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း။

     အလားတူ မေ ၃၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် တောင်ညိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၇၉)အရောက်၌ လယ်ဝေးမြို့နယ်၊ လယ်တာကြီးကျေးရွာနေ ဝင်းဆန်း(၄၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ရဲနိုင်ဝင်း(၃၁)နှစ် လိုက်ပါလာသည့် MDY-10/6K-XXXX DONGFENG ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသော အခြားသစ်မျိုးစုံ ၃.၈၀၄ တန်အား တွေ့ရှိဖမ်းဆီးရမိသဖြင့် စစ်မေးခဲ့ရာ သစ်ပိုင်ရှင်မှာ အငယ်ကောင်(ခ)ကျော်ဇင်သန်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဝင်းဆန်းပါ သုံးဦးအား တောင်ညိုနယ်မြေရဲစခန်း (ပ)၃၀/၂၀၂၆၊ သစ်တောဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်ပြီး အငယ်ကောင်(ခ)ကျော်ဇင်သန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း။

     ထို့အတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ်၊ မီးနင်းချောင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပြည်မြို့မှ ရန်ကုန်မြို့ဘက်သို့ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဇော်သူအောင်(၄၀)နှစ် မောင်းနှင်ပြီး တောင်တွင်းကြီးမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ မြင့်နိုင်(၅၃)နှစ် လိုက်ပါလာသည့် YGN-12/9I-XXXX HINO PROFIA FW ၁၂ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသော အထောက်အထားမဲ့ မီးသွေးအိတ် ၁၈၅ အိတ်၊ ၂၀.၅၅ တန်အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အဆို ပါမီးသွေးအိတ်များ၏ ပိုင်ရှင်မှာ ဒေါ်ကြည်ကြည်လင်းဖြစ်ကြောင်း သိရှိရသဖြင့် ဇော်သူအောင်ပါ သုံးဦးအား သုံးဆယ်နယ်မြေရဲစခန်း (ပ)၁၀၃/၂၀၂၆၊ သစ်တောဥပ ဒေပုဒ်မ ၄၀(က)(၇) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ဒေါ်ကြည်ကြည်လင်း အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026
AnnouncementsExplore more >

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Jun 1, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Jun 2, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း