ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / December 27, 2025
နေပြည်တော် ဒီဇင်ဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov အား ယနေ့နေ့လယ် ၁၄:၃၀ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင်ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov က ရုရှားနိုင်ငံအနေဖြင့် ယခုလိုလာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်းနှင့် မြန်မာနိုင်ငံအတွက် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲကို လေ့လာရန်ဖိတ်ကြားမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မိမိတို့ရွေးကောက်ပွဲအပေါ် ထောက်ခံအားပေးမှုနှင့် လာရောက်စောင့်ကြည့်လေ့လာမှုတို့အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၁၉၄၈ ခုနှစ်မှစ၍ သံတမန်ဆက်ဆံရေး ၇၇ နှစ်တိုင်ရှိပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရင်းနှီးမှု၊ ရုရှားနိုင်ငံ၏ အစဉ်တစ်စိုက်ထောက်ခံအားပေးမှုများအတွက် ရုရှားနိုင်ငံအစိုးရနှင့် ပြည်သူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒီမိုကရေစီစံချိန်စံညွှန်းများအတိုင်း စနစ်တကျဆောင်ရွက်နေမှုများ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာမီဒီယာနှင့် ပြည်တွင်းမီဒီယာများအား လေ့လာသတင်းရယူခွင့်ပြုထားသည့်အခြေအနေများ၊ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာရမည့် အစီအစဉ်များနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး၍ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
