ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တောတွင်းလက်တွေ့ကွင်းဆင်းနေသော ကျောင်းသူ/ကျောင်းသားများနှင့်တွေ့ဆုံ၍ တောတွင်းလက်တွေ့ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တောတွင်းလက်တွေ့ကွင်းဆင်းနေသော ကျောင်းသူ/ကျောင်းသားများနှင့်တွေ့ဆုံ၍ တောတွင်းလက်တွေ့ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / January 29, 2024


    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ် ၅ သစ်တောသုတေသနစခန်း၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့ကွင်းဆင်းခြင်း ဆောင်ရွက်လျက်ရှိသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသူ/ကျောင်းသားများနှင့် တွေ့ဆုံသည်။

    တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် သယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး ကွဲပြားခြားနားသော ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများစွာရှိကြောင်း၊ သစ်တောများရေရှည်တည်တံ့ရေးနှင့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ရရှိရေးအတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်ကြောင်း၊ သစ်တောပညာဘာသာရပ်ကို ၁၉၂၃ ခုနှစ် ကတည်းက သင်ကြားပို့ချခဲ့ပြီး ယနေ့အထိ သစ်တောပညာရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီးသော အဓိကမဏ္ဍိုင် တစ်ရပ်ဖြစ်ကြောင်း၊ ယခု တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် တက္ကသိုလ်မှ သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များကို စာတွေ့လက်တွေ့ပေါင်းစပ်ပြီး ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသွားရမှာဖြစ်ကြောင်း၊ တောတွင်းလက်တွေ့ကွင်းဆင်းရာတွင် Teamwork ဖြင့် ဆောင်ရွက်ရသဖြင့် တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီမှု၊ စုပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှု စသော အလေ့အကျင့်ကောင်းများကိုလည်း ရရှိလာစေမှာဖြစ်ကြောင်း၊

    ယခု တောတွင်းလက်တွေ့ကွင်းဆင်းရာတွင် သစ်တော၏နှစ်စဉ်တောထွက်နှင့် အနာဂတ် တောထွက်ကို ခန့်မှန်းခြင်းအတွက် အရေးကြီးသော သစ်တောသယံဇာတစာရင်းကောက်ယူခြင်း၊ ကြိုးဝိုင်း/ကြိုးပြင် အကွက်နယ်နိမိတ်များ ကွင်းနင်းစစ်ဆေးခြင်း၊ ကျွန်း/သစ်မာ ပင်ထောင်မှတ်ရိုက်ခြင်း၊ ချန်ပင်စာရင်းကောက်ယူခြင်းနှင့် သစ်ထုတ်ခြင်းဆိုင်ရာလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်သွားရမှာဖြစ်သည့်အတွက် ကျောင်းသူ/ကျောင်းသားများအနေဖြင့် အထူးကြိုးစား လေ့လာဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

    ဆက်လက်၍ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကျောင်းသူ/ကျောင်းသားများအား ၎င်းတို့၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ဘဝအတွေ့အကြုံများကို မျှဝေပြောကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသူ/ကျောင်းသားများ၏ သစ်တောသုတေသနပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ရေးအတွက် မြေဆွေးစပ်ခြင်း လက်တွေ့လုပ်ဆောင်နေမှုနှင့် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၇၂ အတွင်း သဘာဝသစ်တောများမှ သစ်တောသယံဇာတစာရင်း ကောက်ယူတိုင်းတာခြင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါ တောတွင်းလက်တွေ့ ကွင်းဆင်းမှုအား သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ  ဆရာ/ဆရာမများ၏ ကြီးကြပ်မှုဖြင့် ကျောင်းသူ/ ကျောင်းသား ၁၂၄ ဦးနှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -