ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်မည့်နေရာ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်မည့်နေရာ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 30, 2024
image_latest


နေပြည်တော် ဇွန် ၂၉

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ စွမ်းအင်ရိပ်သာသို့ သွားရောက်၍ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်နိုင်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ထိုသို့ကြည့်ရှုစဉ် ဧည့်ရိပ်သာခန်းမ၌ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧည့်ရိပ်သာတည်ဆောက်ထားမှု၊ မြေပိုင်ဆိုင်မှုနှင့် နှစ်အလိုက်ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေကိုလည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဧည့်ရိပ်သာပြုပြင်မွမ်းမံပြီး လေ့ကျင့် သင်ကြားရေးအသုံးစရိတ်များ(Training Expenditures)၊ သုတေသနနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေများ (Research and Development Fund) ဖြင့် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်မည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးစေရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရေးတို့သည် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ချက်လုပ်ခြင်းအခန်းကဏ္ဍ သုံးမျိုးလုံးတွင် ခေတ်မီနည်းပညာများကို အသုံးပြုနိုင်ရန် ကြိုးစားကြရမည်ဖြစ်သည့်အပြင် မိမိတို့အခြေအနေနှင့် ကိုက်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို ဖော်ဆောင်နိုင်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုသင်တန်းကျောင်းကို နိုင်ငံတကာရှိ စွမ်းအင်သင်တန်းကျောင်းများ၏ စံချိန်စံညွှန်းများနှင့်အညီ ဖွင့်လှစ်သင်ကြားနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပြီး ရေနံရှာဖွေတူးဖော်ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် အင်ဂျင်နီယာနှင့် ဘူမိဗေဒဘာသာရပ်များ၊ ပိုက်လိုင်းကွန်ရက်များနှင့် စပ်လျဉ်းသည့် အင်ဂျင်နီယာဘာသာရပ်များ၊ ရေနံချက်လုပ်ခြင်း၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ ဥပဒေပညာ၊ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Posted on Jun 29, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၂၈ ရက်၊ သောကြာနေ့။


Posted on Jun 28, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Jun 27, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 26, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Jun 25, 2024
AnnouncementsExplore more >

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ဘဏ်လုပ်ငန်းများကို မှီခိုအသုံးပြုနေရ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အပြုသဘောဖြင့်...

Posted on Jun 29, 2024

၁။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပြည်ပတင်ပို့သည့်လုပ်ငန်းများ၊ လယ်ယာထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက်နေကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတို့ကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေပါသည်။ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလယ်ယာစီးပွားရေးလုပ်ငန်းများအားလုံးသည် ဘဏ်လုပ်ငန်းများ၏ လယ်ယာသားငါး ထုတ်လုပ်ရေးအတွက် ချေးငွေများ၊ ကျေးလက်ဖွံ့ဖြိုးရေးချေးငွေများ၊ အသေးစားချေးငွေများအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူ၍ လုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

တင်ဒါအောင်မြင်ကြောင်းကြေငြာခြင်း

Posted on Jun 28, 2024

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် ရုံးသုံးစက်ကိရိယာပစ္စည်း (၇) မျိုးဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီက ၁၂-၆-၂ဝ၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံးတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်။

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Jun 28, 2024

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း