ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ချိုင်းထောက်များ၊ လေးချောင်းထောက်များနှင့် ဘီးတပ်ကုလားထိုင် ထောက်ပံ့ပေးအပ်

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ချိုင်းထောက်များ၊ လေးချောင်းထောက်များနှင့် ဘီးတပ်ကုလားထိုင် ထောက်ပံ့ပေးအပ်


Ministry of Information/ Naypyitaw / April 14, 2025
image_latest


နေပြည်တော် ဧပြီ ၁၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ အရိုး ကုသဆောင်(၂)သို့ သွားရောက်၍ ငလျင်ဘေးသင့်လူနာများနှင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ခြေ၊ လက်၊ ကျောရိုး ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သော ချိုင်းထောက်များ၊ လေးချောင်းထောက်များ ထောက်ပံ့ပေးအပ်ပြီးဆေးရုံတွင် တာဝန်ထမ်း​ဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ နေရေးထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည်များပံ့ပိုးစီစဉ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အဆောက်အအုံများ၊ လူနာဆောင်များ၏ ကြံ့ခိုင်မှုအား သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့် ပူးပေါင်း၍ အမြန်ဆုံးစစ်ဆေးပြီး အဆောက်အအုံများ ထိခိုက်ခံရမှုအခြေအနေနှင့် ပြန်လည်နေထိုင် အသုံးပြုနိုင်မှုအခြေအနေပြအရောင်များကို အမြန်ဆုံးသိရှိ အောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ရွှေကြာပင်ယာယီ ဆေးရုံသို့သွားရောက်၍ လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကာ ခြေ၊ လက်၊ ကျောရိုး ထိခိုက်သူများအား လိုအပ်သော ချိုင်းထောက်များ၊ လေးချောင်း ထောက်များနှင့် ငလျင်ဒဏ်ကြောင့် ခြေထောက်နှစ်ဖက်လုံး ဖြတ်ထားသည့်လူနာအား ဘီးတပ်ကုလားထိုင် ထောက်ပံ့ပေးအပ်သည်။ အဆိုပါဆေးရုံတွင် တပ်မတော် ဆေးတပ်ဖွဲ့၊ နေပြည်တော် အရိုး အထူးကုဆေးရုံကြီး၊ နေပြည်တော် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်ပြည်ထောင်စုမှ Samaritan’s Purse International Relief အဖွဲ့က ငလျင်ဘေးသင့် ဆေးရုံတက်လူနာများနှင့် ပြင်ပလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကိုကြည့်ရှု၍ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းယာယီဆေးရုံတွင် တပ်မတော်ဆေးတပ်ဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးအဖွဲ့၊ ဘူတန်နိုင်ငံမှ ဆေးအဖွဲ့နှင့် Rapid Response Teams တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှုပြီး ခြေ၊ လက်၊ ကျောရိုး ထိခိုက်ဒဏ်ရာ ရရှိသူများအား လိုအပ်သောချိုင်းထောက်များ၊ လေးချောင်းထောက်များ ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။ အဆိုပါဆေးရုံရှိ ဝန်ထမ်းများ၏ နေရေးထိုင်ရေးများကို မေးမြန်း၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းပေးသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Posted on Apr 12, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Posted on Apr 11, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 10, 2025
HOT NEWS
January 4,