ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်နေသော အားကစားအဖွဲ့များ လိုက်လံစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်နေသော အားကစားအဖွဲ့များ လိုက်လံစစ်ဆေး


Ministry of Information/ Naypyitaw / April 14, 2025
image_latest


ရန်ကုန် ဧပြီ ၁၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)၌ ပဏာမလက်ရွေးစင် ဘိလိယက်အားကစားသမားများ စခန်းသွင်းလေ့ကျင့်ရန် လေ့ကျင့်ရေးခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လေ့ကျင့်နေမှုများကို ယနေ့တွင် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)ရှိ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်လေ့ကျင့်ရေးရုံသို့ရောက်ရှိရာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပဏာမလက်ရွေးစင် တိုက်ကွမ်ဒို အတိုက်အားကစားသမားများနှင့် တိုက်ကွမ်ဒိုကကွက် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးစကား ပြောကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်‌ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အားကစားရုံ၌ ဖွင့်လှစ်ထားသော တိုက်ကွမ်ဒိုစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ကွမ်ဒို၊ ဘိလိယက်/ စနူကာနှင့် ပိုက်ကျော်ခြင်း အားကစားသမားများထားရှိသည့် အိပ်ဆောင်များ၊ ၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲဝင် အမျိုးသားအားကစားသမားများ တည်းခိုမည့် အိပ်ဆောင်များနှင့် ထမင်းစားဆောင်ကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျနေရာချထားနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဏာမလက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမားများ စခန်းသွင်းလေ့ကျင့်မည့် ပိုက်ကျော်ခြင်း အားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ်သည်များကို အချိန်မီကြိုတင်ပြင်ဆင်ကြရန် မှာကြားသည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနရုံးသစ်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျနေရာချထားနိုင်ရေးနှင့် ရေရှည်သန့်ရှင်းသပ်ရပ်ကောင်းမွန်စွာ အသုံးပြုနိုင်ရေးထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဒေသာအားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး လျှာထိုးကြမ်းခင်း ပြန်လည်ပြုပြင်နိုင်ရေးနှင့် အားကစားနည်းအလိုက် လေ့ကျင့်မှုများ၊ ပြိုင်ပွဲကျင်းပမှုများအတွက် စနစ်တကျအချိန်သတ်မှတ်ဆောင်ရွက်နိုင်ရေး ရေရှည်တည်တံ့ အသုံးပြုနိုင်ရန် ထိန်းသိမ်းရေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Posted on Apr 12, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Posted on Apr 11, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Posted on Apr 10, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 10, 2025
HOT NEWS
January 4,