ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဂျာမနီနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသောအဖွဲ့များအား လှည့်လည်ကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဂျာမနီနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသောအဖွဲ့များအား လှည့်လည်ကြည့်ရှု
Ministry of Information/ Naypyitaw / April 25, 2025

နေပြည်တော် ဧပြီ ၂၄
အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ကိုယ်စား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဂျာမနီနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တတ်ရပ်၍ တစ်မိနစ်ငြိမ်သက်ကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ငလျင်ဘေးတုံ့ပြန်ရေးအတွက် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့ ၂၃ ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ဂျာမနီနိုင်ငံ အရေးပေါ်ဆေးကုသရေးအဖွဲ့ (Humedica) သည် ဧပြီ ၁၅ ရက်မှစတင်ကာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀ တွင် အခြေပြု၍ ငလျင်ဘေးအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အရေးပေါ်နှင့်ပြင်ပလူနာပေါင်း ၁၀၀၀ နီးပါးကို ဆေးကုသမှုများဆောင်ရွက်ပေးခြင်းနှင့် လူနာများအတွက် လိုအပ်သည့်ပစ္စည်းများကို ပံ့ပိုးပေးခဲ့သဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကိုယ်စား ဂျာမနီနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့် Humedica အဖွဲ့အား အထူးကျေးဇူးတင်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ငလျင်ဘေးသင့်ဒေသများတွင် ဘက်စုံကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများအတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး ဂျာမနီနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်လွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ယမန်နေ့ ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသော အမေရိကန်ပြည်ထောင်စု International Medical Corps အဖွဲ့နှင့် ဂျာမနီနိုင်ငံ Humedica အဖွဲ့တို့မှ တစ်ရက်လျှင် ပြင်ပလူနာ ၁၀၀ ခန့်အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို လှည့်လည်ကြည့်ရှုကာ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၂/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၂/၂၀၂၅)
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၅)
Posted on Apr 25, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၁/၂၀၂၅)