ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 29, 2025
image_latest


နေပြည်တော် ဧပြီ ၂၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အခြေခံပညာမူလတန်းကျောင်း (ရှေ့ဝကြီး)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အိုင့်ထောင့်ကြီး)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ကေလာ)၊ အခြေခံပညာမူလတန်းကျောင်း (ဇရပ်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း (ကြာတော)၊ အခြေခံပညာမူလတန်းကျောင်း (ပေါက်ပါး) ကျောင်းများသို့သွားရောက်၍ မတ် ၂၈ ရက်က ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောင်း ဆောင်၊ စာသင်ဆောင်၊ အဆောက်အအုံများနှင့် ဇွန်လ ကျောင်းဖွင့်အမီ ယာယီကျောင်းဆောင် တည်ဆောက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ရေး၊ ယာယီကျောင်းဆောင် ဆောက်လုပ်ရေးနှင့် အသစ်တည်ဆောက်ရေးတို့ကို အလျင်အမြန် ဆောင်ရွက်လျက်ရှိရာ မိမိတို့ဒေသရှိ အခြေခံပညာကျောင်းများ ယခင်အခြေအနေထက် ပိုမိုကောင်းမွန်စေရေးအတွက် စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်းဆောင်များ ပြုပြင်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်အရည်အသွေးများနှင့်ပြည့်မီရေး၊ နည်းစနစ်ကောင်းမွန်စွာဖြင့် ဆောင်ရွက်ရေးအတွက် အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လာမည့်ပညာသင်ကာလအမီ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေကိုလိုက်၍ အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းနှင့် ပြန်လည်အသုံးမပြုနိုင်တော့သည့်အဆောက်အအုံကို ဖြိုချရှင်းလင်းပြီး အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီစာသင်ဆောင် တည်ဆောက်ပေးခြင်းတို့ကို အလျင်အမြန်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ၏ အနာဂတ်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာနေရာဌာနများဖြစ်သည့် စာသင်ကျောင်းများကို သဘာဝဘေးအန္တရာယ်အမျိုးမျိုး ခံနိုင်ရည်ရှိသည့် အဆောက်အအုံဖြစ်အောင် တည်ဆောက်ကြစေလိုကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မိုးကြိုကာလဖြစ်၍ မိုးလေဝသများ သတိထားကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ကျောင်းအဆောက်အအုံများနှင့် ကျောင်းသား ကျောင်းသူ ကလေးငယ်များအား သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများ၊ အသိပညာ ပေးမှုများ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေပေးအပ်ကာ ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ရွှေညောင်) နှင့် အခြေခံပညာအထက်တန်းကျောင်း (ရွှေညောင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ရွှေညောင်) တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) တက်ရောက်နေကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Posted on Apr 29, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Apr 28, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 27, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Posted on Apr 26, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။


Posted on Apr 25, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Apr 24, 2025
AnnouncementsExplore more >

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

Posted on Apr 28, 2025

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

HOT NEWS
January 4,