ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာနေထိုင်နိုင်ရန်အတွက် စီမံဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာနေထိုင်နိုင်ရန်အတွက် စီမံဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 06, 2025
image_latest


နေပြည်တော် မေ ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းဝင်းအတွင်းရှိ မြေနေရာလွတ်များတွင် ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ပေ (၂၀ x ၁၂၀) အရွယ်အစားရှိ Modular (prefabricated) house နှစ်ထပ်အဆောက်အအုံ ၁၀ လုံး တည်ဆောက်နိုင်ရန် စက်ယန္တရားကြီးများဖြင့် မြေနေရာပြုပြင်၍ မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြေသိပ်သည်းမှုရရှိရန် ဆောင်ရွက်နေမှု၊ ဖောင်ဒေးရှင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းမီးတိုင်များ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေရရှိရေး၊ မီးဖိုဆောင်နှင့်သန့်စင်ခန်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် မိုးမကျမီ အမိုးအကာအောက် ရောက်ရှိနေရာချထား နိုင်ရေးစီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အပြာရောင်အဆင့်သတ်မှတ်ထားသော သဇင် (၄) အပျိုဆောင် (၁၁)၊(၁၂)(၁၃)(၁၄) အဆောင်များတွင် ပြန်လည်နေရာချထားနိုင်ရေးအတွက် အဆောက်အအုံများအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံနံရံများနှင့် မျက်နှာကြက်များကို ပြန်လည်ပြုပြင်ပြင်ဆင်‌ ဆောင်ရွက်နေမှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာဖြင့် သုံးစွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့ကို အဆောင်တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြုပြင်ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ပြန်လည်နေရာချထားနိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားသည်။

ထို့နောက် ဇေယျာသီရိမြို့နယ်ရှိပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဝင်းနှင့် အမှတ် (၁) တည်ဆောက်ရေးဝင်းတို့သို့သွားရောက်၍ ဓမ္မာရုံများအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီပြောင်းရွှေ့နေရာချထားမှု၊ နေထိုင်စားသောက်မှု အခြေအနေတို့ကိုလည်းကောင်း၊ အဆောက်အအုံများအတွင်း အခန်းများပြင်ဆင်ဖွဲ့စည်းထားရှိမှု၊ ရေ၊ မီး၊ မိလ္လာအဆင်ပြေစွာသုံးစွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ စနစ်တကျနေရာချထားနိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Posted on May 03, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Posted on May 02, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2025
AnnouncementsExplore more >

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Posted on May 3, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၃/၂၀၂၅)

Posted on May 2, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၄/၂၀၂၅)

HOT NEWS
January 4,