ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဒေသခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဒေသခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


Ministry of Hotel & Tourism/ နေပြည်တော် / May 30, 2025


နေပြည်တော် မေ ၂၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက်မှ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ကောဝိဒ ဝစီပိတ်ဆရာတော်အား ဖူးမြော်ကန်တော့၍ လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် ဗုဒ္ဓဥယျာဉ်သို့လည်းကောင်း၊ လွိုင်မွေ တောင်စခန်းသို့လည်းကောင်း သွားရောက်ပြီး နှစ်စဉ်ချယ်ရီပန်းပွဲတော်ကျင်းပရာ ချယ်ရီပင် တန်း၊ အထင်ကရလွိုင်မွေနှစ်တစ်ရာစံအိမ်နှင့် လွိုင်မွေကန်သို့ သွားရောက်ကြည့်ရှုလေ့လာ သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် ကျိုင်းတုံ ရေတံခွန်သို့ သွားရောက်လေ့လာခဲ့ပြီး ကျိုင်းတုံရေတံခွန်အနီးရှိ လူထုအခြေပြု ခရီးသွား လုပ်ငန်း (CBT) ဟိုယန်း (လွယ်) ကျေးရွာလူထုအခြေပြုခရီးသွား လုပ်ငန်းလက်မှတ် ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်သည်။

ဆက်လက်၍ ကျိုင်းတုံမြို့၊ Amazing Keng Tung Resort အစည်းအဝေးခန်းမ၌ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် Amazing Keng Tung Resort နှင့် ကျိုင်းတုံပါရာဒိုက်စ် ဟိုတယ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဧည့်သည် ဝင်ရောက်မှုအခြေအနေများကိုလည်းကောင်း၊ ကျိုင်းတုံဟော်နန်းအတွင်း ခင်းကျင်းပြသ ထားသည့် စော်ဘွားခေတ် အသုံးအဆောင်များ၊ မှတ်တမ်းပုံများနှင့် သမိုင်းကြောင်း ဆိုင်ရာများကိုလည်းကောင်း လေ့လာကြည့်ရှုပြီး ပြည်တွင်းပြည်ပခရီးသည်များအား စနစ် တကျ ရှင်းလင်းပြသနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2025
AnnouncementsExplore more >

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

HOT NEWS
January 4,