ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝန်ထမ်းများ ထားရှိမည့် ယာယီအဆောက်အအုံများ တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝန်ထမ်းများ ထားရှိမည့် ယာယီအဆောက်အအုံများ တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 04, 2025

နေပြည်တော် ဇွန် ၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၇) ရှိ ယာဉ်ရပ်နားဝင်းအတွင်း၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေရာချထားပေးနိုင်ရေးအတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု၊ ရေ၊ မီး၊ မိလ္လာလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယာယီအဆောက်အအုံများ အမြန်ဆုံး ပြီးစီးမှသာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်လျက်ရှိသည့် ရွက်ဖျင်တဲများမှ ပြောင်းရွှေ့နေရာချထားပေးနိုင်မည်ဖြစ်၍ တည်ဆောက်ရေးနှင့်ပတ်သက်သည့် အပြီးသတ်လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ရေ၊ မီး၊ မိလ္လာတို့ကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ယာယီအဆောက်အအုံများတွင် နေထိုင်မည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရေးဆွဲ ထုတ်ပြန်သွားရန်၊ ယာယီအဆောက်အအုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ယာယီအဆောက်အအုံများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပါက ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ လျှပ်စစ်စစ်ဆေးရေးဌာနမှ စစ်ဆေးသွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းတို့တွင် ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရုံးဝင်းနှင့် ရုံးခန်းများအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ရန်နှင့် ငလျင်ကြောင့် ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သည့် ပစ္စည်းများအနက် ဆယ်တင်ရရှိခဲ့သည့်ပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ ပြန်လည်အသုံးပြုသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Posted on Jun 6, 2025ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)