ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 09, 2025

ရန်ကုန် ဇွန် ၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် နဝရတ်အားကစားကွင်းရှိ ဘောလုံးကွင်း၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ရွှေပြည်သာ မြို့နယ်လက်ရွေးစင် မြန်မာ့သိုင်းအားကစားသမားများ၏ လေ့ကျင့်သရုပ်ပြသမှုကိုလည်းကောင်း၊ ဘောလုံးကွင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးခန်းများကို လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားရုံ၊ ဘောလုံးကွင်း၊ ရေစင်နှင့် မြေနေရာတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယမန်နေ့ ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်၌ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား၍ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွက်လှေ Keelboat SSL 47 Class ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌက 6th OCA Athletes Forum သို့တက်ရောက်ရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အမည်စာရင်းရွေးချယ်ထားခြင်းနှင့်စပ်လျဉ်း၍လည်းကောင်းရှင်းလင်းတင်ပြကြပြီး အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ရှိ မြေနေရာနှင့် လှေဆောက်လုပ်သည့် မိုရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အမိန့်ကြော်ငြာစာအမှတ်(၃၉/၂၀၂၅) ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံးယာဥ်များ SemiKoncked Down-SKD စနစ်နှင့် Completely Knocked Down -CKD စနစ်တို့ဖြင့်တင်သွင်းခြင်းအပေါ်...
Posted on Jun 6, 2025မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Posted on Jun 6, 2025ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း