ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်စီမံကိန်းသီးနှံ မိုးစပါးအတွက် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်စီမံကိန်းသီးနှံ မိုးစပါးအတွက် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲတက်ရောက်


Ministry of Information/ Naypyitaw / June 11, 2025
image_latest


နေပြည်တော် ဇွန် ၁၀

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းသီးနှံမိုးစပါးအတွက် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန ရှင်းလင်းဆောင်၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိုးစပါးစိုက် တောင်သူများအနေဖြင့် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သတ်မှတ်ပန်းတိုင်အထွက်နှုန်းမရရှိပါက အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီးနောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ သို့မှသာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်းမြင့်မားလာစေမည်ဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသောငွေများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှချေးငွေများ၊ သမဝါယမ Exam Bank ချေးငွေများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ်ကြောင်း၊ ယခုနိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း အသင်းသားတောင်သူများ အချိန်မီထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် အောင်နိုင်တိုး၊ ထိုင်းနှံကောက် မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Jun 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို့ ပေးပို့သည်။

HOT NEWS
January 4,