ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / June 11, 2025
image_latest


ရန်ကုန် ဇွန် ၁၀

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ Synthetic ပြေးလမ်းပါ ဘောလုံးလေ့ကျင့်ရေးကွင်း(၁)၌ ပဏာမလက်ရွေးစင် ပြေးခုန်ပစ်တာလတ် အားကစားလေ့ကျင့်နေမှု၊ အမြင့်ခုန်အားကစား လေ့ကျင့်နေမှုနှင့် ကြိုးတပ်သံလုံးပစ်လေ့ကျင့်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြား ကာ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝူရှူးအားကစားလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ဝူရှူးအားကစားသမားများ လေ့ကျင့်နေမှုနှင့် ခြင်းလုံး အားကစားရုံ၌ ပဏာမလက်ရွေးစင်ခြင်းလုံးအားကစား သမားများလေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လှုပ်ရှားကစားရာ၌ နည်းစနစ်မှန်ကန်ပြီး လျင်မြန်ဖျတ်လတ်မှုရှိရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ လေ့ကျင့်ကစားကြရန် မှာကြားသည်။

ထို့နောက် ပန်ကြပ်ဆီလပ်လေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ပန်ကြပ်ဆီလပ်အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ ကရာတေးလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ကရာတေးအားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုနှင့် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ ပဏာမလက်ရွေးစင် ဘတ်စကက်ဘောအားကစားသမားများလေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Jun 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို့ ပေးပို့သည်။

HOT NEWS
January 4,