ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မျိုး၊ မြေဩဇာသွင်းအားစု၊ မျိုးစေ့ချကိရိယာ (Seeder) များနှင့် လက်ဆွဲကောက်စိုက်စက် ပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်းအခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မျိုး၊ မြေဩဇာသွင်းအားစု၊ မျိုးစေ့ချကိရိယာ (Seeder) များနှင့် လက်ဆွဲကောက်စိုက်စက် ပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်းအခမ်းအနား တက်ရောက်


Ministry of Information/ Naypyitaw / June 24, 2025
image_latest


နေပြည်တော် ဇွန် ၂၃

မျိုး၊ မြေဩဇာသွင်းအားစု၊ မျိုးစေ့ချကိရိယာ (Seeder) များနှင့် လက်ဆွဲကောက်စိုက်စက် ပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိတ်ဆက် ထွန်ယက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော စိုက်ပျိုးရေး၊ မွေးမြူရေးထုန်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ လယ်ယာသုံး စက်ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့မှု၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီး မန်နေဂျာက ဘဏ်အရစ်ကျစနစ်ဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမအသင်းသားတစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအစုအဖွဲ့အနေဖြင့်သော်လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ ဝယ်ယူနိုင်မည့်အခြေအနေ၊ ကဏ္ဍအလိုက် မျိုးစေ့ထုတ်လုပ်မှု၊ သွင်းအားစုမြေဩဇာထုတ်လုပ်မှု၊ လယ်ယာသုံးစက်ကိရိယာ တင်သွင်းရောင်းချနေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး သမဝါယမအသင်းများအတွက် အထွက်တိုးစပါးမျိုးများ၊ အစေ့ချစက် (Seeder) များနှင့် သွင်းအားစုမြေဩဇာများကို အသင်းသားတောင်သူများထံ ပေးအပ်ကြပြီး ခင်းကျင်းပြသထားသော မျိုးစေ့မြေဩဇာ သွင်းအားစုများ၊ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပဲခူးမြို့နယ် အိုးဘိုကျေးရွာ၌ အိုးဘိုကျေးရွာ သမဝါယမလယ်ယာဝန်ဆောင် သမဝါယမအသင်းမှ ထွန်စက်များဖြင့် ထွန်ယက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး အသင်းသား တောင်သူများထံ မျိုးစေ့၊ မြေဩဇာသွင်းအားစုနှင့် မျိုးစေ့ချကိရိယာ (Seeder) များ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာ၌ ဆိုင်ကယ်ပြင် သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားတစ်ဦး၏ “သူ” ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း၊ ရန်ကုန် - ပဲခူးကားလမ်းမကြီးမှ ရဲမွန်ကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် မှော်ဘီမြို့နယ် ရဲစုကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော နို့စားနွားမွေးမြူရေးလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025
HOT NEWS
January 4,