ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 27, 2025
image_latest


နေပြည်တော် ဇွန် ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာ ဆရာတော်ကြီးကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းဘုရား ၁၀ ဆူ ထိခိုက်ပျက်စီးခဲ့မှု၊ ညောင်ပင်ကြီးစုအုပ်စုရှေးဟောင်းပုဂံဘုရားများ ထိခိုက်ပျက်စီးခဲ့မှုနှင့် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်အတွင်းရှိ ဘိုးမင်းချမ်းသာစေတီတော် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အလှူငွေများရရှိထားမှုနှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညို၍ ဘိုးမင်းချမ်းသာစေတီတော် ထိခိုက်ပျက်စီးမှုအခြေအနေနှင့် ပြန်လည်ပြုပြင်မည့်အစီအစဉ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မတည်လှူဒါန်းမည့် အခြေအနေ၊ အလှူရှင်များရရှိရေး ဆောင်ရွက်မည့် အခြေအနေတို့ကို လျှောက်ထားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း