ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက် ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှု လှည့်လည်ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက် ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှု လှည့်လည်ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / June 28, 2025

နေပြည်တော် ဇွန် ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားသင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် သင်တန်းကျောင်းမှ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းဝင်းသတ်မှတ်နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေး၍ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ကံ့ကော်ပျိုးပင်များကို စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ သစ်ဆိမ့် စသည့် အရိပ်ရနှစ်ရှည်ပင်နှင့် ပန်းအလှပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် ရေဝေရေလဲစနစ်မှန်ကန်စေရေး၊ ရေနှင့်မြေဆီလွှာ ခန်းခြောက်မှုကို ထိန်းသိမ်းနိုင်ရေး၊ သင်တန်းကျောင်းအဆောက်အအုံများ လေပြင်းဒဏ်ကာကွယ်နိုင်ရေးနှင့် သင်တန်းကျောင်းပတ်ဝန်းကျင် အရိပ်အာဝါသရရှိကာ စိမ်းလန်းစိုပြည်သာယာလှပစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားသင်တန်းကျောင်း ပရိဝုဏ်အတွင်း ကံ့ကော်၊ ခရေ၊ ပိတောက်၊ မဟော်ဂနီ၊ သပြေ၊ သစ်ဆိမ့်၊ စိန်ပန်း စသည့် နှစ်ရှည်ပင် စုစုပေါင်းအရိပ်ရသစ်ပင်ပျိုးပင် ၃၁၅ ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ခံခဲ့ရသည့် ဌာနမှဝန်ထမ်းများအတွက် သင်တန်းကျောင်းဝင်းအတွင်း Container House များ ရောက်ရှိ တပ်ဆင်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ရေ၊ မီး၊ မိလ္လာရရှိရေးနှင့် စနစ်တကျအသုံးပြုဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများ အမြန်နေရာချထားနိုင်ရန် စီစဉ်ဆောင်ရွက်ရေးမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jun 28, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။