ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီအဆောက်အအုံများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / June 29, 2025
image_latest


နေပြည်တော် ဇွန် ၂၈

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ရုံးဝင်းအတွင်း၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်ပြီးစီးမှု၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား Container House များသို့ ပြောင်းရွှေ့နေရာချထားပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ နေထိုင်ရာတွင် သောက်သုံးရေ၊ လျှပ်စစ်မီး၊ မိလ္လာနှင့် အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေး အမြန်ဖြည့်ဆည်းဆောင်ရွက်ရန်၊ အညစ်အကြေးစွန့်ပစ်မှုများ စနစ်တကျ ဖြစ်စေရေးနှင့် တပ်ဆင်တည်ဆောက်ရန် ကျန်ရှိနေမှုများကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ပြောင်းရွှေ့ရန်ကျန်ရှိသော ဝန်ထမ်းများနှင့် မိသားစုဝင်များကို အမြန်ဆုံးနေရာချထားပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံးအနီးတွင် တည်ဆောက်ထားရှိသည့် (၂) ခန်းတွဲ ယာယီအဆောက်အအုံများ၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ တင်ပြချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အမြန်ဆုံးဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၂/၂၀၂၅)

Posted on Jun 30, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၂/၂၀၂၅)

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Jun 28, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -