ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 30, 2025

နေပြည်တော် ဇွန် ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ် လမ်းမကြီးနှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်း တည်ဆောက်မည့်အခြေအနေ၊ ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ယနေ့နံနက်ပိုင်းတွင် ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးနှင့် စိုက်ပျိုးမွေးမြူရေးပေါင်းစပ်စီမံကိန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်သို့ရောက်ရှိပြီး ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းနယ်နှင့်မလွတ်ကင်းသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ရွှေ့ပြောင်းတည်ဆောက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းတိုးချဲ့ဆောင်ရွက်ခြင်းကြောင့် မလွတ်ကင်းသော ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၁၁ ကေဗွီဓာတ်အားလိုင်းများကို အဝေးပြေးလမ်းမကြီးများနှင့် လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်သွားမည့် အစီအမံများ၊ လက်ရှိဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားလက်ခံပို့လွှတ်ထားမှုအခြေအနေနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဓာတ်အားထိန်းညှိဖြန့်ဖြူးပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျ ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားခွဲရုံအတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ဓာတ်အားခွဲရုံအတွင်းရှိ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်သွားရန်၊ ပြုပြင်ဆောင်ရွက် ရန်လိုအပ်သည့် အဆောက်အအုံများကို မိုးမကျမီ ပြင်ဆင်သွားရန်နှင့် ဓာတ်အားခွဲရုံဝင်းအတွင်းရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်မှာကြားသည်။
ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တိုက်ကြီးမြို့နယ်ရှိ ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပေါင်းစပ်စီမံကိန်း (မဂ္ဂါဝပ် ၃၀၀) ၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥတိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပေါင်းစပ်စီမံကိန်းနေရာသို့ရောက်ရှိပြီး စီမံကိန်းဆောင်ရွက်ရန် လျာထားမြေနေရာများ၊ စက်မှုလယ်ယာစိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီမှတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်များ၊ စက်မှုလယ်ယာ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းမြေပေါ်တွင် ဝန်ကြီးဌာမှဆိုလာစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ကုမ္ပဏီမှဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြေပြင်တွင် အသုံးပြု၍ရသည့်မြေနှင့် အသုံးပြု၍မရသည့် မြေအားခွဲခြား၍ အသေးစိတ် စူးစမ်းလေ့လာတင်ပြသွားရန် လိုအပ်ကြောင်း၊ မြေနေရာအနေအထား ဖြစ်နိုင်ခြေပေါ်မူတည်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို လက်ရှိဆောင်ရွက်နေသည့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အမည်မည်းစာရင်းကြေညာခြင်း
Posted on Jul 1, 2025၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန ကန့်သတ်မှုမရှိသောတင်ဒါခေါ်ယူခြင်း
Posted on Jun 30, 2025Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း
Posted on Jun 30, 2025Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း