ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်များအား စစ်ဆေး၍ ၂၀၂၆ ခုနှစ် အာရှဖလားအမျိုးသမီးဘောလုံးခြေစစ်ပွဲ ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်များအား စစ်ဆေး၍ ၂၀၂၆ ခုနှစ် အာရှဖလားအမျိုးသမီးဘောလုံးခြေစစ်ပွဲ ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / July 06, 2025

ရန်ကုန် ဇူလိုင် ၅
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်းအမှတ်(၁)၌ I.S.P.E FC အမျိုးသားဘောလုံးအသင်းနှင့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်း အခြေခံကိုယ်လက်ကြံ့ခိုင်စွမ်းရည်ရှိစေရန် မီတာ ၈၀၀ အပြေး Training လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒဂုံမြို့သစ် မြောက်ပိုင်းရွှေပင်လုံရှိ မြန်မာနိုင်ငံ ခရစ်ကတ်အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်းသို့ရောက်ရှိပြီး (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင်အားကစားသမားများ မိုးတွင်းကာလအတွင်း လေ့ကျင့်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍နည်းပြများနှင့် အားကစားသမားများကို ပြိုင်ပွဲသို့ စနစ်တကျ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်မှာကြားပြီး ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက အားကစားအထောက် အကူပြုပစ္စည်းများ ဝယ်ယူရေးကိစ္စရပ်များ၊ ခရစ်ကတ်အားကစား ရုံတည်ဆောက်ရေး ကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေး၍ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ပါဝင်သည့် မြင်းအလှစီး(Dressage)၊ မြင်းစီးတန်းခုန် (Show Jumping)၊ ခရီးကြမ်းစီးနင်း(Cross Country) သုံးမျိုး ပေါင်းဖြစ်သော Eventing မြင်းစီးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေမှု၊ မြင်းစီးကွင်း၏ လက်ရှိမြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
ညနေပိုင်းတွင် ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေးစခန်းသုဝဏ္ဏတွင် ကျင်းပသော ၂၀၂၆ ခုနှစ် အာရှဖလား အမျိုးသမီးခြေစစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေး စင်ဘောလုံးအသင်းနှင့် Bahrain အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက Bahrain အမျိုးသမီးလက်ရွေး စင်ဘောလုံးအသင်းကို ခြောက်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Posted on Jul 4, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Posted on Jul 3, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)