ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 07, 2025
image_latest


ရန်ကုန် ဇူလိုင် ၆

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး U-18 ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရန် ဂိုးတိုင်၊ ဂိုးပိုက်များနှင့် အားကစားသမားအရန်ထိုင်ခုံများ ကောင်းမွန်စေရေး၊ ပွဲကြည့်စင်များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းစိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကိုမှာကြားပြီး တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ Multipurpose Stadium သို့ ရောက်ရှိ၍ အားကစားရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားကာ ထိုင်လျက်ဘော်လီဘောအားကစားသမားများ လေ့ကျင့်ယှဉ်ပြိုင်နေမှုနှင့် ထမင်းစားဆောင်အတွင်း အားကစားသမားများ ကျွေးမွေးရန်ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာအားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ အလံတိုင်၊ ဂိုးတိုင်နှင့် ဂိုးပိုက်များ ကောင်းမွန်စွာတပ်ဆင်ထားရှိရန်၊ ဘောလုံးကွင်းမြက်ခင်းပြင် စိမ်းလန်းစိုပြည်စေရန်၊ ကွင်းပတ်လည်နံရံများ၊ ခြံစည်းရိုးများ၊ ပွဲကြည့် စင်ထိုင်ခုံများ ဆေးသုတ်ရန်၊ ရေနုတ်မြောင်းအဖုံးများ စနစ်တကျထားရှိရန်၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် လုံခြုံရေးသတိရှိရန် မှာကြားသည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူးကျင်းပသည့် MNL League Cup 2025 ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲဖြစ်သည့် Yangon United အသင်းနှင့် Shan United အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအားပေးရာ ပြိုင်ပွဲအပြီးတွင် Yangon United အသင်းက Shan United အသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆုရရှိခဲ့သောပြိုင်ပွဲဝင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025
AnnouncementsExplore more >

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 8, 2025

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Posted on Jul 4, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း