ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေး


Ministry of Hotel & Tourism/ နေပြည်တော် / July 10, 2025


နေပြည်တော် ဇူလိုင် ၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် မိမိတို့ ဟိုတယ်ပရဝဏ်အတွင်းရှိ အရိပ်ရလေကာပင်များကို အလင်းဖွင့်ခြင်း၊ အောက်ခြေရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြရန်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေသည် ပြည်ထောင်စုအဆင့် အစိုးရ ရုံးများတည်ရှိပြီး နိုင်ငံတော်အဆင့် အခမ်းအနားများသာမက နိုင်ငံတကာအဆင့် အခမ်းအနားများ၊ ဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ အခါအားလျော်စွာ ကျင်းပပြုလုပ်လျက် ရှိရာ ဟိုတယ်များအနေဖြင့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးနိုင်အောင် ပြင်ဆင်ဆောင်ရွက် ကြရန်၊ ဟိုတယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး အမြင်တင့်တယ်မှုရှိအောင် ဆောင်ရွက် ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးတစ်လျှောက် ဟိုတယ်ဇုန် (၁) ရှိ ဟိုတယ်များ သန့်ရှင်း သာယာလှပ မှုရှိစေရေး ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ် များမှ တာဝန်ရှိသူများက ငလျင်ကြောင့် ဟိုတယ်များ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှု၊ ခရီးသည်များ လာရောက်တည်းခိုနေထိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025
AnnouncementsExplore more >

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

Posted on Jul 17, 2025

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း

Posted on Jul 17, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။