ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များ လှည့်လည်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များ လှည့်လည်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / July 20, 2025

ရန်ကုန် ဇူလိုင် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပါရဂူတန်းဖွင့်လှစ်ရန်ကျန်ရှိသည့် ဘာသာရပ်များအနေဖြင့် လာမည့်စာသင်နှစ်များတွင် ပါရဂူတန်းများ ဖွင့်လှစ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သင်ကြားရေး ဆရာဆရာမများ၊ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများနှင့် လိုအပ်သည့် စက်ပစ္စည်းများကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သိပ္ပံဌာနများအနေဖြင့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ ဘွဲ့လွန်ကျောင်းသားများ၊ ဘွဲ့ကြိုကျောင်းသားများအနေဖြင့် သုတေသနလုပ်ငန်းများ၊ စုပေါင်း project များ ဆောင်ရွက်ရာတွင် အားလုံးတက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေး၊ ပါမောက္ခများအနေဖြင့် ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားကာ တက်ရောက်လာကြသည့် ဌာနအလိုက် ပါမောက္ခဌာနမှူးများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်သို့သွားရောက်ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံ၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကဏ္ဍတိုးတက်ရေးသည် အဓိကအရေးကြီးပါကြောင်း၊ သင်တန်းသား သင်တန်းသူများသည် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ကြရမည့် ဆရာ ဆရာမလောင်းများဖြစ်ပါကြောင်း၊ ဆရာ ဆရာမများဖြစ်လာပါက စာသင်ကြားရာတွင် အပြုအမူ၊ အပြောအဆို၊ စိတ်ဓာတ်စည်းကမ်းမှစ၍ စံပြဆရာ ဆရာမများဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ကျောင်းသား ကျောင်းသူများအား ပညာရေးထူးချွန်ရုံသာမက လိမ္မာယဉ်ကျေးပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ရှိရန်နှင့် ယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားတတ်စေရန်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအနေဖြင့် မကြာခင်သင်ကြားရေးတာဝန်များ ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း ပြောကြားကာ သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း
Posted on Jul 20, 2025ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 19, 2025၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်
Posted on Jul 18, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်