ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / July 21, 2025


နေပြည်တော် ဇူလိုင် ၁၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင်ရုံးခွဲသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ရုံးခွဲတာဝန်များ၏ လုပ်ငန်းဆောင်တာများကို အပြည့်အဝအကောင် အထည်ဖော်နိုင်ရေး၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကိုရှေးရှု၍ နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် တာဝန်ထမ်းဆောင်ကြရေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေနန်းထိုက်ဟိုတယ်၌ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း (ပြင်ဦးလွင်ဇုန်)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြင်ဦးလွင်မြို့၏ ခရီးသွားလုပ်ငန်းအား တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြင်ဦးလွင်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာရေးအတွက် ရှေ့ဆက်ဆောင်ရွက်သင့် သောကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) ဥက္ကဋ္ဌနှင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်တို့ကအသင်း၏ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြင်ဦးလွင်သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုအခြေအနေများ၊ ခရီးစဉ်ဒေသများ ဖော်ထုတ်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြင်ဦးလွင်မြို့အား ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် Sport Tourism ၊ Golf Tourism ၊ Festival Tourism တို့ကို အကောင်အထည်ဖော်၍ ခရီးသွားလုပ်ငန်းမှ တစ်ဆင့်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံပိုင်ငှားရမ်းထားသည့် ဟိုတယ်များသို့ သွားရောက်ပြီး ဟိုတယ်အဆောက်အအုံများ၊ အခန်းများမွမ်းမံပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြင်ဦးလွင်မြို့၏ ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်သော တရုတ်ဘုံကျောင်း သို့သွားရောက်ကာ ခရီးသွားများဝန်ဆောင်မှုပေးနေမှုအခြေအနေများ၊ ခရီးသွားများ လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 23, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 22, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Posted on Jul 21, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 20, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Posted on Jul 19, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Posted on Jul 18, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jul 23, 2025

မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများက အငြိမ်းစားဝန်ထမ်းများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။