ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများ သွားရောက်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / July 21, 2025

နေပြည်တော် ဇူလိုင် ၂၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ပေါ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အအုံနှင့် မြေနေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး နိုင်ငံပိုင်အဆောက်အအုံနှင့်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး စနစ် တကျထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား မှာကြားသည်။
ပြောကြား
ထို့နောက် ဟိုတယ်စစ်ကိုင်း၌ စစ်ကိုင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဟိုတယ်များမှတာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ငလျင်ကြောင့် ရပ်တန့်သွား သော စစ်ကိုင်းမြို့၏ ခရီးသွားလုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် စစ်ကိုင်း မြို့ပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၏ လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေစေ ရေးအတွက် ညှိနှိုင်းပေါင်းစပ်ပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွား တိုးတက်ဝင်ရောက်လာရေးအတွက် သာမက ပြည်တွင်းခရီးသွားတိုးတက်ရေးကိုပါ တစ်ပြိုင်နက် တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် အမြန်ဆုံးပြန်လည်ထူထောင်လာရေးအတွက် တွန်းအားပေး ဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသောလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြန်လည်မွမ်းမံပြင်ဆင်လျက်ရှိသည့် စစ်ကိုင်း မြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင် ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ကြရန်မှာကြားကာ စစ်ကိုင်းမြို့ပေါ်ရှိ ခရီး သွားဆွဲဆောင်ရာနေရာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon
အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jul 23, 2025မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများက အငြိမ်းစားဝန်ထမ်းများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း
Posted on Jul 23, 2025