ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / July 25, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများအတွက် တရုတ်နိုင်ငံအစိုးရ၏ လူသားချင်းစာနာထောက်ထားမှု၊ အကူအညီအထောက်အပံ့များ အချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့မှု၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေးစီမံကိန်းများ၊ နှစ်နိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ CIDCA ၏ ဒေသရေးရာဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကိုယ်စားလှယ်များနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Jul 24, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 23, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 22, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Posted on Jul 21, 2025
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jul 24, 2025

အများပြည်သူသို့ အသိပေးကြေညာချက်

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Posted on Jul 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း